၄၆ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်

February 12, 2019

ပါကစ္စတန်တွင် ၄၆ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ နိုင်ငံပေါင်း ၄၆ နိုင်ငံက စစ်တပ်တွေ ပူးပေါင်းစစ်ရေး လေ့ကျင့်နေကြပါတယ်။ အာမန်း ၁၉ လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ၅ ရက်ကြာ လေ့ကျင့်ကြမှာပါ။ ပင်လယ်ပြင် လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး နဲ့ လူသားချင်းစာနာမှု ကူညီရေး ရည်မှန်းပြီး ဆိပ်ကမ်းမှာရော၊ ပင်လယ်ပြင်မှာပါ လေ့ကျင့်နေတယ်လို့ ပါကစ္စတန် ရေတပ်က ပြောပါတယ်။ ခြိမ်းခြောက်မှုတွေကနေ ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာ အခြေခံ အဆောက်အဦတွေကို ကာကွယ်ဖို၊ ဗျူဟာ၊ နည်းလမ်းနဲ့ အစီအစဉ်တွေကို တုံ့ပြန်ဖို့နဲ့ တိုးတက်အောင် လုပ်ဖို့ လေ့ကျင့်နေကြတာပါ။ ပါကစ္စတန် အစိုးရဟာ အာမန်း စစ်ရေးလေ့ကျင့်မှုတွေကို နှစ်စဉ် လေ့ကျင့်လာတာ ၂၀၀၇ ကတည်းကပါ။ ဒီနှစ်အတွက် စစ်ရေးလေ့ကျင့်မှုဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြိးဆုံးမှာပါ။ ပါဝင်လေ့ကျင့်တဲ့ နိုင်ငံတွေဟာ ယဉ်ကျေးမှု ပြပွဲနဲ့ စားသောက်ပွဲတွေအတွင်း သူတို့ရဲ့ အမျိုးသား ယဉ်ကျေးမှုတွေနဲ့ စားစရာတွေကို ခင်းကျင်းပြသကြဖို့ စီစဉ်ထားပါတယ်။
2 years Ago
Up