အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးလက်ကျန်တရက်မှာ သန်းခေါင်ကျော်အထိ နိုင်ငံတ၀န်း အကြိတ်အနယ် မဲဆွယ်စည်းရုံးရေး ဆင်းနေကြပါတယ်။
ပြိုင်ဘက်သမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲ အဆုံးအဖြတ်ပေးမယ့် ပြည်နယ်တွေဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆယ်ဗေးနီးယားနဲ့ မစ်ချီဂန်ပြည်နယ်တွေမှာ ခြေချင်းလိမ် မဲဆွယ်နေကြတာပါ။ ဟီလာရီကတော့ မျှော်လင့်ချက်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ အမေရိကန်ပြည်ထောင်စုအတွက် သူ့ကိုမဲထည့်ဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပြီး ဒေါ်နယ်ထရမ့်ကတော့ ခြစား၊ ပျက်စီးနေတဲ့ အမေရိကန်စနစ်တွေကို ပြန်ပြင်ဖို့ အချိန်အခါကောင်းလို့ ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီနဲ့ ဘီလီယံနာသူဌေးကြီး ဒေါ်နယ်ထရမ့်တို့ထဲက ဘယ်သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတသစ် ဖြစ်မလဲဆိုတာ ပရိသတ်တွေအနေနဲ့ သဘောထားအမြင်တွေ ရေးနိုင်သလို ဒီဗွီဘီ Vote မှာလည်း ရွေးချယ်နိုင်ပါတယ်။
[yop_poll id="64"]
6 years Ago