မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြွေးမြီပမာဏဟာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း ပိုမို ဆိုးရွားလာခဲ့ပြီး ပေါင် ၄၂၉ သန်းအထိ ရှိနေပြီလို့ သိရပါတယ်။
အသင်းရဲ့ ပထမ ၃ လတာကာလအတွင်း ဘဏ္ဍာရေးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်ထက် ဝင်ငွေ ၁၉ ရာခိုင်နူန်း လျော့ကျသွားခဲ့ပြီး ကြွေမြီပမာဏက ၄၂ ရာခိုင်နူန်းအထိ ခုန်တက်သွားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အခုနှစ် ပထမသုံးလတာကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါင်သန်း ၃၀ နစ်နာခဲ့ရပါတယ်။
အရင်က ကြွေးမြီပေါင် ၁၂၇ သန်းရှိရာကနေ လက်ရှိအချိန်မှာတော့ ပေါင် ၄၂၉.၁သန်းအထိ ရှိလာတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်း ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါ့ဒ်ကလည်း ဗိုင်းရပ်စ် အကျပ်အတည်းကနေ ဆုံးရှုံးမှုတွေ ရှိခဲ့လို့ အသင်းအပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မူဖြစ်ခဲ့ကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။
11 months Ago