၄၂၅ သက်တမ်းရှိ ရှေးဟောင်းအမြောက် အကောင်းပကတိအတိုင်း ပြန်တွေ့

June 27, 2015

၄၂၅ နှစ် သက်တမ်းရှိ ရှေးဟောင်းအမြောက် အကောင်းပကတိအတိုင်း ပြန်တွေ့

၄၂၅ နှစ်သက်တမ်းရှိတဲ့ ရှေးဟောင်းအမြောက်ကို အိုင်ယာလန် ကမ်းလွန် ပင်လယ်ရေအောက်မှာ အကောင်းပကတိအတိုင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအမြောက်ဟာ စပိန် လာဂျူလီနာ ကုန်တင်သင်္ဘောပေါ်က ဖြစ်ပြီး ၁၅၈၈ ခုနှစ်ကတည်းက နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ အရင် ၂ နှစ် ဆိုးဝါးတဲ့ ဆောင်းမုန်တိုင်းကြောင့် ဧပြီလကတည်းက ပြန်ပေါ်လာတာဖြစ်ပြီး ဇွန်လလယ်ပိုင်းမှာ တွေ့ရှိခဲ့တာပါ။ အိုင်ယာလန်ယဉ်ကျေးမှု အနုပညာဝန်ကြီးက သမိုင်းဝင်ကြောင်းအရရော ရှေးဟောင်းသုတေသနပိုင်းအရာပါ ထင်ရှားတယ်လို့ ပြောပါတယ်။ တခြားပစ္စည်းတွေကို ထပ်မံတွေ့ရှိဖို့ကတော့ သီတင်းပတ် အနည်းငယ် အချိန်ယူဖို့ လိုတယ်လို့ ဆိုပါတယ်။ ၁၅၈၈ ခုနှစ် စက်တင်ဘာမှာ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် ဆန်တာမာရီနာနဲ့ လာကျူလီနာ သင်္ဘော ၂ စင်း တိမ်းမြုပ်ခဲ့ပြီး စစ်သားနဲ့ ရေတပ်သား ၁ ထောင်နစ်မြုပ်ခဲ့ပါတယ်။ လာကျူလီနာ သင်္ဘောက ၈၆၀ တန်ရှိပြီး သေနတ် ၃၂ လက်၊ စစ်သား ၃၂၅ ဦးနဲ့ သင်္ဘောသား ၇၀ လိုက်ပါလာတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - PA  
6 years Ago
Up