၄၀ ရာခိုင်နှုန်းစီ ရရှိ

September 20, 2020

ဗြိတိန်တွင် လေဘာနှင့်ကွန်ဆာဗေးတစ်ပါတီတို့ လူထုထောက်ခံမှု ၄၀ ရာခိုင်နှုန်းစီ ရရှိ

ဘောရစ်ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အတိုက်အခံ လေဘာပါတီနဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီတို့ လူထုထောက်ခံမှု ရာခိုင်နှုန်း အတူတူ ရရှိခဲ့ပါတယ်။   အရွယ်ရောက်ပြီးသူ ၁,၆၁၈ ဦးအပေါ် အခြေခံပြုလုပ်တဲ့  စက်တင်ဘာ ၁၆ ရက်နဲ့ ၁ရ ရက် လူထုစစ်တမ်းအရ   အတိုက်အခံနဲ့ အာဏာရပါတီ နှစ်ခုစလုံး လူထုထောက်ခံမှုနှုန်း ၄၀ ရာခိုင်နှုန်းစီ ရခဲ့တာပါ။  စက်တင်ဘာ ၉ ရက်မှာ လုပ်တဲ့ ယူဂါ့ဖ်လူထုစစ်တမ်းမှာတော့  အာဏာရ ကွန်ဆာဗေးတစ်ပါတီက လူထု ထောက်ခံနှုန်း ၄၂ ရာခိုင်နှုန်း နဲ့ လေဘာပါတီက ၃၇ ရာခိုင်နှုန်း  အသီးသီး ရခဲ့ပါတယ်။   ဒါဟာ ၂၀၁၉ မေလ နောက်ပိုင်းမှာပထမဆုံးအကြိမ်  ယူဂါ့ဖ် စစ်တမ်းအရ အာဏာရပါတီနဲ့ အတိုက်အခံ လူထုထောက်ခံနှုန်း အညီအမျှ ရခဲ့တာပါ။  သြဂုတ် ၃၀ ရက်တုန်းက အိုပီနီယမ်အဖွဲ့အစည်းက လုပ်တဲ့ စစ်တမ်းမှာလည်း ပါတီနှစ်ခုက လူထု ထောက်ခံနှုန်းအတူတူ ရခဲ့ပါတယ်။  လက်ရှိ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ လူကြိုက်များမှုဟာ ပြီးခဲ့တဲ့  ဒီဇင်ဘာနောက်ပိုင်းက စလို့ ကျဆင်းလာခဲ့ပါတယ်။  ဒါဟာ ဂျွန်ဆင်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်မှုအပေါ် ပြည်သူတွေ စိုးရိမ်မှု တိုးလာတာကြောင့်ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
8 months Ago
Up