၄ဦးဒဏ်ရာရ

March 27, 2021

ဗန်းမော်တွင် ရဲနှင့်စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၄ ဦး ရာဘာကျည်ထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မတ်လ ၂၇ ရက် မွန်းလွဲပိုင်းက  စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြဖို့  လူစုနေတဲ့ ပြည်သူတွေကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်လို့ ပြည်သူ ၄ ဦး ရာဘာကျည်ထိမှန် ဒဏ်ရာရသွားပါတယ်။ 

သပိတ်မှောက်ပြည်သူတွေ  ခွန်သာရပ်ကွက်မှာ စုရပ်ပြုလုပ်နေစဉ် စစ်ကား ၁၅ စီးလောက် အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး ကန်ဦးဘုန်းကြီးကျောင်းအနီး တပ်စွဲကာ ရပ်ကွက်အတွင်းသို့ အသံမိုင်း၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၃ ဦး ရာဘာကျည်ဆန်ထိမှန် ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

1 month Ago
Up