၄ဦးကျဆုံး

March 30, 2021

မြင်းခြံတွင် မတ် ၂၉ ရက်က ၄ ဦးအပါအဝင် ကျဆုံးသူ ၂၁ ဦး ရှိလာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမှာ မတ်လ ၂၉ ရက်နေ့ ပစ်ခတ်မှု မှာ ၄ ဦး ကျဆုံးခဲ့ တာကြောင့် ဒီနေ့ မတ်လ ၃၀ ရက်နေ့ထိ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ကျဆုံးသူရဲကောင်း ၂၁ ဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၉ ရက်နေ့က သပိတ်စစ်ကြောင်းထွက်ခွာရေး ပြင်ဆင်နေတဲ့စစ်ကြောင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦး နေရာတင် ကျဆုံးပြီး ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရ ရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေစဥ် ထပ်မံသေဆုံးခဲ့တာလို့ သိရပါတယ်။

မတ်လ ၂၉ ရက်နေ့က နေ့ပိုင်းပစ်ခတ်မှုအပြီး ညပိုင်းဆက်လက်ပစ်ခတ်ခဲ့တာမှာ အမှတ် ၆ ရပ်ကွက်က ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦး ထပ်မံကျဆုံးခဲ့တာကြောင့် ၁ ရက်တည်း ၄ ဦး ကျဆုံး ခဲ့တာလို့ သိရပါတယ်။

မြင်းခြံသပိတ် ဖြိုခွင်းခံရပြီးနောက် မတ်လ ၃ ရက်နေ့ကစ လူသေဆုံးမှုတွေရှိခဲ့တာပါ။

2 months Ago

March 27, 2021

မိတ္ထီလာ၌ အကြမ်းဖက်စစ်အုပ်စုပစ်ခတ်မှုကြောင့် ၁၃ နှစ်ကလေးအပါအဝင် ၄ ဦး ကျဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရတနာ မန်အောင်နယ်မြေမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၄ ဦးကျဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

မိတ္ထီလာမြို့မှာ ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်းပြီး လူနေရပ်ကွက်အတွင်းကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူ အမျိုးသားက ပြောသည်။ 

“ကျနော်တို့ ၂ ယောက်ပဲ အလောင်းကောက်လို့ရသေးတယ်။ ၁၃ နှစ်အရွယ် မိန်းကလေးကတော့ အိမ်ထဲကို ဝင်ပစ်လို့ ထိသွားတာ။”

ဒီနေ့ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်ဖြိုခွင်းမှုကြောင့်  ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေက မိတ္တီလာမြို့ လူနေရပ်ကွက်များအတွင်း တပ်စွဲပြီး ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

2 months Ago
Up