၃ နှစ်ကြာ ဆက်ဆံခံခဲ့ရသည့် ပြည့်တန်ဆာမလေး လျော်ကြေးရရှိ

June 2, 2017

ရဲအရာရှိ ၃၀ ၏ လိင်ကျွန်အဖြစ် ၃ နှစ်ကြာ ဆက်ဆံခံခဲ့ရသည့် ပြည့်တန်ဆာမလေး လျော်ကြေးရရှိ

အမေရိကန်နိုင်ငံမှ ဆယ်ကျော်သက် ပြည့်တန်ဆာ ကောင်မလေးတဦးဟာ အသက်မပြည့်သေးဘဲ အော့က်လဲန်ပြည်နယ် ရဲဌာနမှ ရဲအရာရှိတွေရဲ့ လိင်ကျွန်အဖြစ် ဆက် ဆံခံခဲ့ရပြီးနောက်မှာ အမှုကွင်းဆက် ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် မြို့တော်က လျော်ကြေးအဖြစ် ပေါင်ငွေ ၁ သန်းနီးပါးကို ချီးမြှင့်ခဲ့ပါတယ်။ အခုအချိန်မှာ အသက် ၁၉ နှစ်အရွယ်ရှိနေပြီးဖြစ်တဲ့ ဂျက်စမင် အဘူဆလင်ဟာ ပြီးခဲ့တဲ့ ၃ နှစ်တာကာလ၊ သူ့အသက် ၁၆ နှစ်အရွယ်တည်းက အသက်မပြည့်သေးဘဲ အော့က်လဲန်ပြည်နယ် ရဲအရာရှိ ၃၀ နဲ့ လိင်ပျော်ပါးဆက်ဆံခဲ့ရတယ်လို့ ဆိုပါတယ်။ သူက မြို့ပြလိင်ကျွန်အဖြစ် ဆက်ဆံခံခဲ့ရတဲ့အပေါ် လျော်ကြေးငွေအဖြစ် ပေါင် သန်း ၆၀ ရလိုခဲ့တာ ဖြစ်ပေမယ့် မြို့တော်အစိုးရ တာဝန်ရှိသူတွေက သူ့ကို ပေါင်ငွေ ၉၈၉,၀၀၀ ကို မေလ ၃၁ ရက်နေ့မှာ ပေးအပ်ခဲ့တာပါ။ ရဲအရာရှိတွေဟာ သူ့ကို နောက်ယောင်ခံ အမှုမပတ်စေဖို့အတွက် ဂျက်စမင် အဘူဆလင် နာမည်နဲ့ မဆက်သွယ်ဘဲ ဆဲလ်လက်စ်တ် ဂုအက်ပ် ဆိုတဲ့အမည် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သူနဲ့ လိင်ဆက်ဆံပတ်သက်ခဲ့တဲ့ ရဲအရာရှိတဦးဟာ အမှုပတ်လာမှာ စိုးရိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ခဲ့ပြီးနောက်မှာ အမှု ကွင်းဆက် ပေါ်လာခဲ့တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဂျက်စမင် အဘူဆလင်ရဲ့ မိခင်ဖြစ်သူဟာ ရဲဌာန စာပေးစာယူဌာနမှ ရဲမေအမျိုးသမီးတဦး ဖြစ်ပါတယ်။ လိင်ဆက်ဆံမှုပြုတဲ့အချိန်တိုင်းမှာ ဒါကို ဖုံးကွယ်ထားပြီး ဖမ်းဆီးမခံရစေဖို့ တချို့ ရဲအရာရှိတွေက သူ့ကို ငွေကြေးပေးလေ့ရှိပြီး တချို့ကတော့ ညစာနဲ့ မုန့်ဖိုးအနည်းငယ် ပေးလေ့ရှိတယ်လို့ ဂျက်စမင် အဘူဆလင်က ပြောပါတယ်။     လက်ရှိမှာတော့ ဒီအမှုမှာ ပါဝင်ပတ်သက်နေခဲ့တဲ့ ရဲအရာရှိတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး သူတို့ထဲက ၇ ယောက်ကတော့ တာဝန်ကနေ အနားယူသွားကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up