၃-၂ ဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

April 8, 2018

မန်ယူအသင်းက မန်စီးတီးကို ၃-၂ ဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူအသင်းက အကောင်းဆုံး စိတ်ဓာတ်နဲ့ မန်စီးတီးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲပထမပိုင်းမှာ မန်စီးတီးအသင်းက ခြေစွမ်းအသာနဲ့ ဖိကစားသွားပြီး ပွဲချိန် ၂၅ မိနစ်နဲ့ ၃၀ မိနစ်တွေမှာ ကွန်ပနီနဲ့ ဂန်ဒိုဂန် တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီး က ၂ ဂိုး သွင်းပြီး ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူအသင်းက ဂိုးပေါက်ကန်သွင်းခွင့်တကြိမ်မှ မရတဲ့အထိ ခြေစွမ်းညံ့ ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက ကစားကွက် ကောင်းမွန်အောင် ကစားနိုင်ခဲ့ပြီးပွဲချိန် ၅၃ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ ကွင်းလယ်ကစားသမားပေါ့ဘာက နှစ်ဂိုးဆက်သွင်းခဲ့ပါ တယ်။ ပွဲချိန် ၆၉ မိနစ်မှာလည်း ဆန်းချက်ဇ်ရဲ့ ပြစ်ဒဏ်ဘောကနေတဆင့်မတင်ပေးမူကို စမောလင်းက ပိတ်သွင်းယူခဲ့လို့ မန်ယူအသင်း နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာက မန်ယူအသင်းကို ၁၃ မှတ်ဖြတ်ထားဆဲဖြစ်ပါတယ်။
3 years Ago
Up