စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ လိုက်ဇစ်အသင်းက နာမည်ကြီး ဒေါ့မွန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ တိုက်စစ်မှူး အဘာမီယန်းက သွင်းယူပါတယ်။ လိုက်ဇ်အတွက် ချေပဂိုးကို ၁၀ မိနစ်လောက်မှာ ပြန်လည် သွင်းယူပါတယ်။
ပွဲချိန် ၂၅ မိနစ်လောက်မှာ လိုက်ဇစ်အတွက် ဒုတိယဂိုးကို ဒေါ့မွန် နောက်တန်း အမှားကနေ ပေါဆန်က သွင်းယူပါတယ်။
၄၇ မိနစ်မှာ ဒေါ့မွန် နောက်တန်းက ဖျက်ထုတ်မှုကြမ်းတာကြောင့် အနီကတ်နဲ့ အထုတ်ခံ လိုက်ရခဲ့ပြီး ပင်နယ်တီပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကနေ တတိယဂိုးကို သြဂတ်စတင်က သွင်းယူပါတယ်။
ပွဲချိန် ၅၆ မိနစ်လောက်မှာ လိုက်ဇစ် ကစားသမား တယောက်အထုတ်ခံရပြီး နှစ်ဖက်လုံး ၁ ယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။
၆၃ မိနစ်လောက်မှာ ပင်နယ်တီကနေ အာဘာမီယန်းက ဒေါ့မွန်အတွက် ဒုတိယချေပဂိုး သွင်းယူပါတယ်။
နောက်ပိုင်းမိနစ်တွေမှာ ဒေါ့မွန် အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ ပထမဆုံး ရှုံးပွဲနဲ့ ကြုံလိုက်ရပါတယ်။
ဒီပွဲရှုံးပေမယ့် ဒေါ့မွန်က ၁၉ မှတ်နဲ့ ဦးဆောင်နေပြီး လိုက်ဇစ်က ၁၆ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
4 years Ago