၃ ဦး ပျောက်ဆုံး

September 20, 2020

စစ်တောင်းမြစ်ရေတက်ပြီး အိမ် ၁ လုံးမျောပါ၊ ကလေးမိခင်အပါအဝင် ၃ ဦး ပျောက်ဆုံး

စစ်တောင်းမြစ်ရေ တက်မှုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းရွာကမ်းပါးမှာ ဒီနေ့ မနက်က အိမ် ၁ လုံး ပြိုကျပြီး မိခင် ၁ ဦးအပါဝင် ကလေး ၃ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ မနက် ၅ နာရီက လူ ၅ ယောက် ရှိနေတဲ့အိမ် မျောပါသွားအပြီး ၁၀ နှစ်လောက်အရွယ် မောင်နှမ ၂ ယောက်ကိုတော့ နာရီဝက်လောက်အကြာမှာ အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။  စစ်တောင်း လူမှုကယ်ဆယ်ရေးအသင်း နာယက ကိုပြည့်စုံက “မနက်က ယောင်္ကျားက အလုပ်သွားနေတုန်း အိမ်မှာ အိပ်ကျန်ခဲ့သူတွေ ပါသွားတာ။ ကလေး ၂ ယောက်ကိုတော့ တွေ့ပြီ။ အမျိုးသမီးနဲ့ ၃ နှစ်သားကလေးတယောက်၊ ၂ လသားအရွယ်ကလေးတယောက်ကိုတော့ ရှာနေတုန်းပါ” လို့ ပြောပါတယ်။ ပျောက်နေသူတွေကို အခုညနေမှာလည်း လှေ ၂ စီးနဲ့ လိုက်ရှာနေတယ်လို့ ဆိုပါတယ်။
8 months Ago

October 26, 2019

ဂျပန်တွင် ရေကြီး မြေပြိုခြင်းကြောင့် ၁၀ ဦး သေဆုံး၊ ၃ ဦး ပျောက်ဆုံး

ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မိုးကြီးတဲ့အရှိန်နဲ့ ရေကြီး မြေပြိုတာတွေကြောင့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ သေဆုံးသူ ၁၀ ယောက်အထိ ရှိလာပြီး ၃ ယောက် ပျောက်ဆုံးနေတယ်လို့  NHK သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဒေသဟာ လွန်ခဲ့တဲ့နှစ်ပတ်က  တိုက်ဖွန်း ဟာဂီဘိစ်ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့က ချီဘာနဲ့ ဖူကူရှီးမား စီရင်စုက ရေဝပ်ဒေသတွေမှာ   မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။   လေဖိအားနည်းရပ်ဝန်းကြောင့် တချို့နေရာတွေမှာ ၁ လတာရွာတဲ့ မိုးရေချိန်က နေ့ဝက်အတွင်း ရွာခဲ့ပါတယ်။ ဒါကြောင့်  လမ်းမတချို့ကို ပိတ်ခဲ့ရပြီး ချီဘာစီရင်စု ကာမိုဂါဝါ မြို့က အိမ်ထောင်စု ၄၇၀၀ ဝန်းကျင်ဟာ ရေမရရှိသေးဘူးလို့ ဆိုပါတယ်။ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အစည်းဝေးမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသခံတွေအတွက် ထောက်ပံ့ရေး အမြန်ဆောင်ရွက်ပေးနေသလို ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း အစွမ်းကုန်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။   တိုက်ဖွန်း ဟာဂီဘိစ်ကြောင့် တာပေါင်ကျိုးနေတဲ့ နေရာတွေမှာ နောက်ထပ် ရေကြီး မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့လည်း  အာဏာပိုင်တွေက သတိပေးထားပါတယ်။
2 years Ago
Up