၃ ဦးသေ ၇ ဦး ဒဏ်ရာရ

March 5, 2021

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာတွင် ဓားခုတ်မှုဖြစ်ပွားပြီး ၃ ဦးသေ ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာမှာ မတ်လ ၅ ရက် မနက် ၁၁ နာရီကျော်လောက်က ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောင်းကုန်းကြီးရွာနေ ဦးထွေးနိုင် ၊ ဦးချစ် ၊ မောင်နန်းဝေတို့ဟာ ရွာလမ်းမအတိုင်းအတူ ပြန်လာကြစဉ်  ကျောင်းကုန်းကြီးသစ်စက်အတွင်းမှ လူတစ်စုက ဓားနဲ့ ထွက်ခုတ်ခဲ့ကြလို့ အခင်းဖြစ်နေရာမှာ ၃ ဦးစလုံးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓားနဲ့ ခုတ်သူတွေက  ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေဖြစ်ကာ အခုတ်ခံရသူဟာ အန်အယ်လ်ဒီ ထောက်ခံသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီနောက်  ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကရောက်ရှိလာကာ လူ ၅  ယောက်ထက်ပို မစုဝေးဖို့ ကြေညာခဲ့ပြီး  ဒေသခံတွေကတော့ လူသတ်တရားခံတွေကို အမြန်ဆုံးဖမ်းဆီးပေး ဖို့တောင်းဆိုနေ ကြပါတယ်။

2 years Ago
Up