နီကာရာဂွါနိုင်ငံကို ဟာရီကိန်းအီတာ ဝင်ရောက်ခဲ့ပြီးနောက် ရေကြီးမြေပြိုတာတွေ ဖြစ်ခဲ့ပြီး လူ ၃ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။
လေပြင်းတွေကြောင့် နေအိမ် ၊ လမ်းတွေနဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ခဲ့ပြီး လူပေါင်း ထောင်ချီ ဘေးလွတ်ရာ ပြောင်းခဲ့ရပါတယ်။
ဟာရီကိန်း အီတာဟာ မြို့တော် မနန်ဂွါ ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၂၅ မိုင် အကွာကို ဝင်ရောက်တိုက်ခတ်သွားခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းအီတာကြောင့် နီကာရာဂွါမြောက်ပိုင်းမှာ သစ်ပင်နဲ့ ဓာတ်တိုင်တွေ လဲပြိုတာ ၊ ဆိုးဆိုးရွားရွား ရေကြီးတာတွေ ဖြစ်ခဲ့တယ်လို့ အမျိုးသားဘေးအန္တရယ်စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်မှာတော့ အီတာဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့ပြီး ဟွန်ဒူးရပ်စ်နိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
2 years Ago