၃ ဦးသေဆုံး

December 17, 2017

ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကို တိုင်ဖွန်းမုန်တိုင်းတိုက်ခတ် အနည်းဆုံးလူ ၃ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ဒေသကို ဒီဇင်ဘာ ၁၆ ရက်ေ်န့က ခိုင်ထိုင် အမည်ရှိတဲ့ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့လို့  အခုချိန်ထိ အနည်းဆုံး ကလေး ၃ ဦးသေဆုံးသွားပါတယ်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လူ ၁ သောင်းကော်ျ ကယ်ဆယ်ရေးစခန်းတွေကို  ပြောင်းရွှေ့နေထိုင်နေရတယ်လို့လည်း ဒေသခံ သတင်းမီဒီယာမှာဖော်ပြပါတယ်။ ခိုင်ထိုက်တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်အရှေ့ပိုင်းဒေသဖြစ်တဲ့ ဗီဆာယာ ဒေသကို တိုက်ခတ်သွားခဲ့ရာမှာ ကမ်းရိုးတန်းမြို့တွေကို လည်း ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဟာ ၂၀၁၃ ခုနှစ်က ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရပြီး လူ   ၈၀၀၀ ကျော်သေဆုံးခဲ့တဲ့ တက်လိုဘန် ကမ်းရိုးတန်းမြို့ကိုလည်း ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ ခိုင်ထိုက် မုန်တိုင်းကြောင့် ဖိလစ်ပိုင်အလယ်ပိုင်း ဒေသတွေမှာလည်း မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြေပြိုမှုတွေလည်းဖြစ်ပါတယ်။ လေတိုက်နှုန်း တစ်နာရီမိုင် ၅၀ ဆယ်နှုန်းနဲ့ တိုက်ခတ်နေတဲ့ ခိုင်ထိုက်မုန်တိုင်းဟာ အနောက်ဖက်ကို ဆက်လက်ရွေ့လျားမှာဖြစ်တာကြောင့် ထိခိုက်နိုင်မယ် ဧရိယာတွေ ပိုများလာဖွယ်ရှိတယ်လို့ ဖိလစ်ပိုင် မိုးလေဝသဌာနကပြောကြားထားပါတယ်။
4 years Ago

December 21, 2016

ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်၊ မိသားစု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စကားကုန်းအုပ်စု၊ ယင်းခဲကျေးရွာဘေး ရွှေကူ ကသာ ကားလမ်းမပေါ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ည ၁၀ နာရီလောက်က ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိလို့ မိသားစုဝင် ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ယာဉ်မောင်းချစ်မင်းထွန်း မောင်းနှင်ပြီး ရန်မျိုးနိုင် လိုက်ပါလာတဲ့ ၈ (ဈ) / ၉၄၆၁ ဆန်နီအမျိုးအစား ၁၀ ဘီးကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။ ဆိုင်ကယ်စီးနင်းလာသူ ရွှေကူမြို့နယ် ရွှေညောင်ပင်ကျေးရွာက ကိုအောင်ကို ၃၇ နှစ် ဇနီးဖြစ်သူ မတင်ဌေး ၃၅ နှစ်နဲ့ သားဖြစ်သူ မောင်ပေါက်စ ၄ နှစ်တို့ မိသားစု ၃ ဦးဟာ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာတွေ ရရှိပြီး သေဆုံးခဲ့ကြပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးလည်း ကားရှေ့ပိုင်း ပိန်ရှုံ့ပြီး ညှပ်မိနေတာကြောင့် ဘက်ဟိုးကားနဲ့ ဆွဲလှန်ပြီး ကယ်ထုတ်ခဲ့ရာမှာ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ယာဉ်မောင်း ချစ်မင်းထွန်း မြောင်းတော်လှကျေးရွာ ဝမ်းတွင်းမြို့နယ် နေသူကို ကသာမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။ သီဟဆွေ (ကသာ)
5 years Ago
Up