၃ ဦးဒဏ်ရာရ

July 30, 2017

ဝမ်းတွင်းတွင် ယာဉ် ၃ စီး ဆင့်တိုက်၊ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၈/ ၀နဲ့၁ အကြားမှာ ဇူလိုင် ၂၉ ရက် ည ၇ နာရီလောက်က ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်တို့ ၃ စီးဆင့် တိုက်မိပြီး လူ ၃ ဦး ဒဏ်ရာရသွားတယ်လို့ ရွှေတောင်ရွာ ရဲစခန်းက ပြောပါတယ်။ စခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက “၁၂ ဘီးကား က ဆိုင်ကယ်ကို ပွတ်တိုက်မိတယ်။ အရှိန်မထိန်းတော့ဘဲ နဝရတ်ခရီးသည်တင်ကားကို ဆက်တိုက်တယ်။ ၁၂ ဘီးယာဉ်မောင်း နေမျိုးဇော် ဒဏ်ရာမရဘူး။ မှန်လုံမောင်းတဲ့ ကိုကျော်နိုင်လည်း ဒဏ်ရာမရဘူး။ ဆိုင်ကယ်မောင်း တဲ့ စိုးမိုးအောင် ဝဲတံတောင်၊ လက်မောင်း၊ ဖြေဖမိုးတွေ ပွန်းပဲ့ကုန်တယ်။ နောက်ခုံစီးလာတဲ့ မစုလှိုင်ဝင်း ဇက်ပိုးနာသွားတယ်။ ခရီးသည် မသင်းသင်းခိုင် ခြေထောက်ပေါက်တယ်။ ဝမ်း တွင်း ဆေးရုံ ပို့ပေးရတယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောက်ရွာ ရဲစခန်းက ၁၂ ဘီးယာဉ်မောင်း နေမျိုးဇော်ကို ယာဉ် မဆင်မခြင်မောင်းလို့ သာမာန်ဒဏ်ရာရမှု/ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up