၃ လသားအရွယ်

A d v e r t i s e m e n t With Us

April 23, 2020

အိန္ဒိယက ပြန်ခေါ်ခဲ့သည့်  ၃ လသားအရွယ် နှလုံးခွဲစိတ်ထားသည့် ကလေးငယ်သေဆုံး

အိန္ဒိယနိုင်ငံကနေ ပြန်ခေါ်ဆောင်ခဲ့သူတွေအထဲက  အသက်သုံးလသားအရွယ် နှလုံးခွဲစိတ်ထားတဲ့ ကလေးငယ်ဟာ  ဧပြီ ၂၂ ရက် ညပိုင်းက သေဆုံးသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သံဃာတော်တွေ ၊ သီလရှင်ဆရာလေးတွေနဲ့ ဆေးကုသဖို့ရောက်ရှိနေတဲ့ လူပုဂ္ဂိုလ်တွေကို သီတဂူဆရာတော်ရဲ့ အစီအစဉ်နဲ့ စင်းလုံးငှား လေယာဉ်နှစ်စီးနဲ့ ဧပြီ ၂၂ ရက်ကမှ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်ခဲ့တာပါ။ ပြန်လာသူတွေအထဲမှာ နှလုံးခွဲစိတ်ထားတဲ့ သုံးလအရွယ် ကလေးငယ်တစ်ဦး ပါခဲ့ပြီး လေဆိပ်ကနေ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က စစ်ကိုင်းဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။ “သုံးလသား ကလေးဆိုတော့ လေယာဉ်စီးတဲ့ ဒဏ်နဲ့ ရွှေ့ပြောင်းတဲ့ဒဏ်တွေ ပါတော့ မခံနိုင်ဖြစ်သွားတယ်”လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အတွင်းရေးမှူး ကိုစိုးမင်းဦး က ပြောပါတယ်။  ဆုံးသွားတဲ့ ကလေးငယ်ရဲ့ နှာခေါင်းတို့ဖတ်နမူနာကိုတော့ ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ပိတ်မိနေလို့ ပြန်လည်ခေါ်ဆောင်ခဲ့သူတွေထဲမှာ  သံဃာတော် ၂၁၀ ပါး၊ သီလရှင် ၆ ပါးနဲ့  လူပုဂ္ဂိုလ် ၄၂  ဦး တို့ပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်နဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့မှာ ၂၁ ရက်ကြာ အသွားအလာကန့်သတ် ကျန်းမာရေးစောင့်သွားမှာဖြစ်ပါတယ်။ ဓာတ်ပုံ- MAI
10 months Ago
Up