၃ ရက်ဆက်

December 17, 2020

ကိုရီးယားတွင် ၃ ရက်ဆက်တိုက် လူ ၁,၀၀၀ ကျော် ကိုဗစ်-၁၉ ပိုးတွေ့

ကိုဗစ်-၁၉ ကပ်ရောဂါ စကတည်းက တောင်ကိုရီးယားမှာ  တစ်နေ့တာအတွင်း  အများဆုံး အဖြစ် ဒီဇင်ဘာ ၁၆ ရက်က  ပိုးတွေ့သူ  ၁,၀၇၈ ဦး ရှိတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။  တောင်ကိုရီးယားမှာ ဇန်နဝါရီလက ကိုဗစ်-၁၉ ကူးစက်သူကို  ပထမဆုံးတွေ့ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် တစ်နေ့ကို ပိုးတွေ့သူ  ၁,၀၀၀ ကျော်တွေ့တာ   ၃ ရက်ရှိခဲ့ပြီးနောက် အခုလို အများဆုံး တွေ့ခဲ့တာပါ။  ဒါ့အပြင် သေဆုံးသူကလည်း  ၁၂ ယောက်ရှိတယ်လို့လည်း ကိုရီးယားရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးအေဂျင်စီ  KDCA က ထုတ်ပြန်ပါတယ်။   လူဦးရေ  ၂၆ သန်းနီးပါးရှိတဲ့ မြို့တော် ဆိုးလ်မှာလည်း  အရေးပေါ်ခုတင် ၃ ခုသာ ကျန်တော့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။  "တိုးလာတဲ့ လူနာအရေအတွက်ကြောင့်  ကျန်းမာရေးစနစ်အပေါ်  တိုးလာတဲ့ ဖိအား  သက်သာစေဖို့ အစိုးရအနေနဲ့ ဆေးရုံခုတင် လုံလုံလောက်လောက်ရဖို့ အစွမ်းကုန် ကြိုးပမ်း နေတယ်"လို့လည်း  တာဝန်ရှိသူက ပြောပါတယ်။  အစိုးရရဲ့ ထိပ်တန်းဦးစားပေးတာဝန်က ဆေးရုံခုတင် အလုံအလောက် ရှိရေး  ဖြစ်တယ်လို့ လည်း  ဝန်ကြီးချုပ် ချောင်ဆယ်ဂျွန်းက ပြောပါတယ်။ 
4 months Ago
Up