၃ ပွဲ ခန့် လွဲချော်

October 30, 2020

တံကောက်ကြောဒဏ်ရာရခဲ့သည့် ဖာဘင်ဟို လီဗာပူးအသင်း၏ ပွဲစဉ် ၃ ပွဲ ခန့် လွဲချော်မည်

လီဗာကွင်းလယ်လူ ဖာဘင်ဟိုဟာ တံကောက်ကြောဒဏ်ရာ ပြင်းထန်မှုမရှိတာကြောင့် ၃ပွဲ  လောက်ပဲ လွဲချော်မယ်လို့သိရပါတယ်။  အဓိကနောက်ခံလူ ဗန်ဒိုက်ဒဏ်ရာရပြီးနောက်ပိုင်းမှာ ဗဟိုခံစစ်နေရာမှာ ပြောင်းလဲ ကစားခဲ့တဲ့ ဖာဘင်ဟိုဟာ မစ်ဂျယ်လန်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာပါ။  ဒဏ်ရာပြင်းထန်တာကြောင့် ၆ လလောက် အနားယူရနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ စစ်ဆေးမှုအပြီးမှာတော့ နိုဝင်ဘာ တတိယအပတ်မှာ ပြန်လည်ကစားနိုင်ဖို့ရှိပြီး ပွဲစဉ် ၃ ပွဲ လောက်ပဲ လွဲချော်မယ်လို့ သိရပါတယ်။  လီဗာပူး ဗဟိုခံစစ်ပိုင်းမှာ မာတစ်ကလည်း ဒဏ်ရာရနေပြီး လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် စွန့်စားအသုံးပြုဖွယ်မရှိသေးဘူးလို့ သိရပါတယ်။  ဒါကြောင့် ဝက်စ်ဟမ်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူငယ်နောက်ခံလူ  နသန်နီယယ် ဖိလစ်ကို ဂျိုးလ်ဂိုးမက်ဇ်နဲ့ တွဲပြီး ပွဲထွက်ကစားစေဖို့ရှိတယ်လို့ သိရပါတယ်။ 
2 years Ago
Up