၃ ပတ်

December 18, 2020

သြစတြေးလျအိုးပင်းပြိုင်ပွဲကို  ၃ ပတ် နောက်ဆုတ်

သြစတြေးလျအိုးပင်းပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါအခြေအနေအရ  သီတင်း ၃ ပတ်ကြာ နောက်ဆုတ်ကျင်းပ သွားမှာဖြစ်ပါတယ်။  မူလက ဇန်နဝါရီ ၁၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ နိုင်ငံတွင်းမှာ လော့ဒေါင်းချထားတဲ့ ကာလဖြစ်နေတာကြောင့် ၃ ပတ်နောက်ဆုတ်ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ စတင် မှာဖြစ်ပါတယ်။  လာရောက်ယှဉ်ပြိုင်မယ့်ကစားသမားတွေအနေနဲ့ ကွာရင်တင်းဝင်ရမှာဖြစ်ပြီး လက်ရှိ ချန်ပီယံ  ဂျိုကိုဗစ်ကိုလည်း သတိပေးထားပါတယ်။  ဂရင်းစလင်းပြိုင်ပွဲတွေထဲမှာ ဝင်ဘယ်တန်အိုးပင်းက ဖျက်သိမ်းခဲ့ပေမဲ့ ယူအက်စ်အိုးပင်းနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲတွေကိုတော့ ကန့်သတ်ချက်တွေနဲ့အတူ ကျင်းပနိုင်ခဲ့ပါတယ်။  သြစတြေးလျအိုးပင်းပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲစဉ်တွေကိုတော့ ဇန်နဝါရီ ၁၀ ရက်က နေ ၁၃ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
4 months Ago
Up