၃ နှစ်စာချုပ်

August 14, 2020

စပါးနောက်ခံလူဗာတွန်ဂမ် ဘင်ဖီကာအသင်းဆီ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

စပါးနောက်ခံလူဟောင်း ဗာတွန်ဂမ်ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။  အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံနောက်ခံလူဟာ စပါးအသင်းမှာ ၈ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာခဲ့တာပါ။  အီတလီကလပ်တွေဖြစ်တဲ့ ရိုးမား၊ လာဇီယိုနဲ့ အင်တာမီလန်အသင်းတွေကလည်း ခေါ်ယူ လိုခဲ့ပေမယ့် ဘင်ဖီကာအသင်းကို ဗာတွန်ဂမ်က ရွေးချယ်ခဲ့တာပါ။  ဗာတွန်ဂမ်ဟာ စပါးအသင်းမှာ ၈ နှစ်ကြာကစားခဲ့ပေမယ့် ၂၀၁၅ လိဂ်ဖလားဗိုလ်လုပွဲနဲ့ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေသာကစားခဲ့ရပြီး ဆုဖလားတစ်လုံးမှတော့ ရယူနိုင်ခြင်းမရှိပါဘူး။  အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပြီး အသင်းက ဝန်ထမ်းတွေနဲ့ သူငယ်ချင်း တွေကိုသတိရနေမှာဖြစ်ကြောင်း ဗာတွန်ဂမ်က နုတ်ဆက်စာရေးသားခဲ့ပါတယ်။ 
1 year Ago

August 4, 2020

ဆန်းချက်ဇ်ကို ၃ နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူရန် အင်တာမီလန် သဘောတူညီမှုရ

အင်တာမီလန်အသင်းဟာ ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်အသင်းဟာ လုပ်ခများပြားတဲ့ ဆန်းချက်ဇ်ကို အပြီးသတ်ရောင်းချဖို့ သဘောတူညီခဲ့ပြီး ပြောင်းရွှေ့ကြေးတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။  အင်တာမီလန်ဘက်ကတော့ ဆန်းချက်ဇ်ကို တစ်နှစ် လုပ်ခ ပေါင် ၁၃ သန်းခွဲနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ ဂီတာဖေးနဲ့ ယူရိုပါလိဂ်ကစားမယ့် အင်တာမီလန် လူစာရင်းမှာ ပါဝင်နေပြီး အဲဒီပွဲအပြီးမှာ အပြီးသတ်ခေါ်ယူလိုက်ကြောင်း အသင်းဘက်က တရားဝင်ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အသက် ၃၁ နှစ်ရှိ ချီလီကစားသမား ဆန်းချက်ဇ်ဟာ မန်ယူအသင်းအတွက် ၄၅  ပွဲ ကစားပေးခဲ့ရာမှာ ၅  ဂိုးသွင်းပြီး ၉ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
1 year Ago

ချဲလ်ဆီး တောင်ပံကစားသမား ဝီလီယံကို ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် အာဆင်နယ် ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။  ဝီလီယံဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားအပြီးမှာ အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာဖို့ရှိနေတာပါ။  စာချူပ်သက်တမ်း ၂ နှစ် တိုးဖို့ ချဲလ်ဆီးဘက်က ကမ်းလှမ်းခဲ့ပေမယ့် ဝီလီယံဘက်က ၃ နှစ်အထိ သက်တမ်းတိုးလိုတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့  အာဆင်နယ်က ၃ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလာတာ ဖြစ်ပြီး နောက်ထပ် တနှစ်သက်တမ်းတိုးခွင့်ပါ  ပါဝင်မယ်လို့ ဆိုပါတယ်။  ချဲလ်ဆီးအသင်းဟာ ဇီယက်ချ်နဲ့ တီမိုဝါနာတို့ကို ခေါ်ယူထားပြီ ဖြစ်တာကြောင့် ဝီလီယံကို လက်လွှတ်ဖို့ရှိနေပါတယ်။ ဝီလီယံအနေနဲ့ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမယ်လို့ သိရပါတယ်။  အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း နောက်ခံလူ ဒေးဗစ်လုဇ်ကို ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up