၃ ဆကျော် ပိုများ

September 15, 2020

ရုရှားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တရားဝင်စာရင်းထက် ၃ ဆကျော် ပိုများနေ

ရုရှားမှာ ပြီးခဲ့တဲ့မေလနဲ့ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်ဟာ တရားဝင်စာရင်း ဖော်ပြချက်ထက် ၃ ဆကျော် ပိုများနေတယ်လို့ မကြာသေးခင် ထုတ်ပြန်တဲ့ အစိုးရ ကိန်းဂဏန်းတွေအရ သိရပါတယ်။  ရိုဆက် နိုင်ငံပိုင် စာရင်းဇယားဌာနရဲ့ စက်တင်ဘာ ၄ ရက် ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံးကာလ မေလကနေ ဇူလိုင်အတွင်း တရားဝင်ထုတ်ပြန်ချက်ထက် ၅၇,၈၀၀ ဦး ပိုမို သေဆုံးတယ်လို့  သိရပါတယ်။ ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ ကမ္ဘာ့စတုတ္ထ အများဆုံးဖြစ်ပေမယ့်  သေဆုံးနှုန်းက တော့ ကူးစက်နှုန်းနဲ့နှိုင်းစာရင်  နည်းနေပါတယ်။ ရုရှားကျန်းမာရေး အရာရှိတချို့ကတော့ ကိုဗစ်-၁၉ ရှိသူ လူနာဟာ ကိုဗစ်ကြောင့် သေဆုံးတာမဟုတ်ဘဲ ရှိပြီးသား ရောဂါအခံကြောင့် သေဆုံးတယ်ဆိုပြီး သေဆုံးလူနာ အတော်များများနဲ့ပတ်သက်လို့ ရှင်းပြထားပါတယ်။ ဒါ့အပြင် ရုရှား ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးစင်တာ အကြီးအကဲကလည်း ရုရှားရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးနှုန်းဟာ တခြားနိုင်ငံတွေထက် အတော်ကြီး လျော့နည်းတယ်ဆိုပြီး ဇူလိုင်လနှောင်းပိုင်းမှာ သမ္မတပူတင်ကို ပြောပါတယ်။ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်မှု စတုတ္ထအများဆုံး ဖြစ်တဲ့ ရုရှားမှာ ကူးစက်သူ တစ်သန်းကျော်နဲ့ သေဆုံးသူ ၁၈၀၀၀ ကျော်ရှိပါတယ်။
1 year Ago
Up