၃ ဂိုးပြတ် သွင်းယူ

March 12, 2017

အဲဗာတန်က ၀က်စ်ဘရွန်းကို ၃ ဂိုးပြတ် သွင်းယူ (ရုပ်သံ)

စနေနေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်က ၀က်စ်ဘရွန်းကို သက်သောင့်သက်သာပဲ ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ အဲဗာတန်ဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ၃၉ မိနစ်မှာ မီရာလက်စ်က သွင်းယူပါတယ်။ ဒုတိယဂိုးကိုတော့ ကွင်းလယ်သမား ရှနိုက်ဒါလင်းက သွင်းယူပါတယ်။ ဒီဂိုးဟာ မန်ယူကနေ ပြောင်းလာတဲ့  ရှနိုက်ဒါလင်းအတွက် အဲဗာတန်မှာ ပထမဆုံး သွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ၀က်စ်ဘရွန်းအသင်းကတော့ ဒီပွဲမှာ မယှဉ်နိုင် ဖြစ်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့် ၂ ကြိမ်ပဲ ရခဲ့ပါတယ်။ အဲဗာတန်အတွက် အပိတ်ဂိုးကို ၈၂ မိနစ်မှာ တိုက်စစ်မှူး လူကာကူက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ အဲဗာတန်က ၄၇ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး ၀က်စ်ဘရွန်းက အမှတ် ၄၀ နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up