သြဂုတ် ၂၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ရီးရဲလ်ဆိုစီဒက်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး တာထွက်ကောင်းသွားပါတယ်။
ဆိုစီဒက်ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာ ဂါရတ် ဘေးလ်က ခေါင်းတိုက်သွင်းယူပြီး ဒုတိယဂိုးကို မိနစ် ၄၀ မှာ မာကို အဆန်ဆီယိုက သွင်းယူပါတယ်။
ရီးရဲလ်က ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ မပါဘဲနဲ့ ယှဉ်ပြိုင်သွားပါတယ်။
ဒီပွဲမှာ ရီးရဲလ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် ၁၈ ကြိမ်အထိ ရခဲ့ပါတယ်။
ရီးရဲလ်အတွက် အပိတ်ဂိုးကို ပွဲပြီးကာနီးမှာ တိုက်စစ်မှူး ဘေးလ်ကပဲ သွင်းယူပါတယ်။
သြဂုတ် ၂၁ ရက် ညကပဲ ယှဉ်ပြိုင်တဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် အသင်းကတော့ အိမ်ကွင်းမှာ အလာဗက်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။
5 years Ago