၃ ဂိုးသွင်း

A d v e r t i s e m e n t With Us

August 23, 2020

ပီအက်စ်ဂျီအသင်းကို ၃ ဂိုးသွင်းယူနိုင်လိမ့်မည်ဟု ဘိုင်ယန်မြူးနစ်ပရိသတ်များ သုံးသပ်

ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ၃ ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ ဘိုင်ယန်ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ပထမဆုံး အကြိမ်ကစားရမှာဖြစ်ပြီး အသင်းပရိသတ်တွေကလည်း စိတ်လူပ်ရှား နေကြတာပါ။  ဘိုင်ယန်မြူးနစ်ပရိသတ်တဦးဖြစ်သူ ဟူကီကတော့ ဘိုင်ယန်အသင်းက ပိုမိုတောင့် တင်းတဲ့အသင်းဖြစ်ပြီး ပီအက်စ်ဂျီခံစစ်ကလည်း သိပ်မကောင်းတာကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ ဘိုင်ယန်မြူးနစ် အနိုင်ရလိမ့်မယ်လို့ပြောပါတယ်။  တိုက်စစ်ပိုင်းက လီဝန်ဒေါစကီးအပါအဝင် ၃ ဂိုသွင်းယူနိုင်မှာဖြစ်သလို တချိန်တည်းမှာပဲ ခံစစ်ပိုင်းက နေမာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဟူကီက ပြောပါတယ်။  နောက်ထပ် ပရိသတ်တစ်ဦးဖြစ်သူ ဟတ်မက်ချာကလည်း ဘိုင်ယန်အသင်းအနိုင်ရမှာ သေချာကြောင်းပြောပါတယ်။  ပရိသတ်တဦးဖြစ်သူ ဟာဘက်သ်ကလည်း ဘိုင်ယန်အနိုင်ရမယ်လို့ သုံးသပ်ခဲ့ပြီး တန်းဖိုးကြီးပေးပြီး ခေါ်ယူခဲ့ရတဲ့ ပီအက်စ်ဂျီ ကစားသမားတွေမှာ ဖိအားရှိနေလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 
6 months Ago

March 13, 2020

ဘရူနိုဖာနန်ဒက်စ်ကို ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ့်စ်က ချီးကျူး

ဘရူနိုဖာနန်ဒက်စ်ဟာ ဘောလုံးရရှိချိန်တိုင်းမှာ တခုမဟုတ်တခု ထူးခြားအောင် စွမ်းဆောင်ပေးနိုင်သူလို့ မန်ယူနိုက်တက်ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ့်စ်က ပြောကြားလိုက်ပါတယ်။  မန်ယူနိုက်တက်အတွက် ကစားထားတဲ့ ၈ ပွဲမှာ ၃ ဂိုးသွင်းယူပြီး ၃ ကြိမ် ဂိုးဖန်တီးပေးထားနိုင်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာစီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းနဲ့ ဆင်တူကြောင်း ဟားဂရေ့ဗ့်စ်က ချီးကျူးခဲ့ပါသေးတယ်။  ဖာနန်ဒက်စ်ဟာ ဒီဘရိုင်းလိုပဲ လျင်မြန်ပြီးတော့ ‌ကစားပုံလည်း မလောတတ်ကြောင်း၊ နေရာလွတ်တွေရှာပြီးတော့ ဘာလုပ်ရမယ်ဆိုတာ အသေအချာသိသူဖြစ်ကြောင်း ဟားဂရေ့ဗ်စ်က ဆိုပါတယ်။  ဖာနန်ဒက်စ်အနေနဲ့ မနေ့ညက LASK အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာလည်း တကြိမ်ဂိုးဖန်တီးပေးခဲ့ပြီးတော့ အခွင့်အရေး ၇ ကြိမ်ထိ ဖန်တီးပေးနိုင်ခဲ့လို့ ဘောလုံးသုံးသပ်သူတွေ အပါအဝင် မန်ယူနိုက်တက်အသင်းပရိသတ်တွေက ကျေနပ်နေကြပါတယ်။
12 months Ago
Up