၃ ဂိုးပြတ်

November 3, 2019

‌ဒေါ့မွန်က ဝု့စ်ဘက်ကို ၃ ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယား ဒုတိယနေရာတက်လှမ်း (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန် ဘွန်ဒတ်စ်လီဂါမှာပဲ ဒေါ့မွန်က ဝု့စ်ဘက်ကို ၃ ဂိုးပြတ် အနိုင်ရသွားပါတယ်။  ဒီပွဲမှာ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင် အသာစီးယူနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ၅၂ မိနစ်မှာ ဟာဇက်က သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၅၈ မိနစ်မှာ ဂရူယိုက သွင်းယူပါတယ်။  အိမ်ရှင် ဒေါ့မွန်အတွက် တတိယဂိုးကို တဖက်လူ လက်ထိဘောဖြစ်တာကြောင့် ပင်နယ်တီရရှိခဲ့ပြီး ဂေါ်ဇီက အမှားအယွင်း မရှိ သွင်းယူပါတယ်။  ဒီပွဲနိုင်လိုက်လို့ ဒေါ့မွန်အသင်းဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းသွားပြီး ဇယားထိပ်က မွန်ချန်ဂလတ်ဘတ်နဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
2 years Ago
Up