၃၆၀ ဦး

September 3, 2020

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆ သန်းကျော်၊ သေဆုံးသူ ၈၆၇,၃၆၀ ဦးရှိလာ

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၆ သန်းကျော်သွားရှိပြီး  သေဆုံးသူစုစုပေါင်း ၈၆၇,၃၆၀ ယောက်အထိရှိလာပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၁၈၉,၉၆၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၂၃,၈၉၉ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာတော့ ကူးစက်ခံရသူ ၃ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၆၇,၄၈၆ ယောက်၊ ရုရှားနိုင်ငံက  ကူးစက်ခံရသူ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၇,၄၁၄ ယောက် အသီးသီးနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့ပွားမှု ထိပ်ဆုံး ၄ နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။ ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၀၇၇ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိပါတယ်။ အာရှဒေသတွင်းနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၃၇၈,၇၅၂ ယောက်၊ ၃၁၇,၅၂၈ ယောက်၊ ၃၁၇,၄၈၆ ယောက်စီနဲ့ အသီးသီး ရှိနေကြပါတယ်။ အဲဒီနိုင်ငံတွေရဲ့ နောက်မှာတော့ ပါကစ္စတန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၂၉၇,၀၁၄ ယောက်၊ သေဆုံးသူ ၆,၃၂၈ ယောက်နဲ့ ရှိတာပါ။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ လတ်တလောအချိန်ထိ တရိပ်ရိပ် မြင့်တက်နေဆဲဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၃,၄၂၇ ယောက်နဲ့ သေဆုံးသူ ၅၈ ယောက်ရှိနေပြီး လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂၂ ယောက်နဲ့ သေဆုံးသူ တယောက်မှ မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ဒီကနေ့မနက်အထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၀၅၈ ယောက်နဲ့ သေဆုံးသူ ၆ ယောက် ရှိနေပါတယ်။
8 months Ago

February 22, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၃၆၀ ဦးနှင့် ကူးစက်ခံရသူ ၇၇,၈၁၆ ဦးရှိပြီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၂၂ ရက်အထိ  ကမ္ဘာတဝှမ်း သေဆုံးသူ ၂,၃၆၀ ဦးနဲ့ ကူးစက်ခံရသူ ၇၇,၈၁၆ ဦးရှိခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။   ကူးစက်ခံရပြီး ပြန်ကောင်းလာသူအရေအတွက်ကလည်း  ၂၀,၉၆၅ ဦး ရှိပါတယ်။ ဒါကြောင့် လက်ရှိ ကူးစက်ခံအရေအတွက် ၅၄,၄၉၁ ဦးရှိပြီး အဲဒီထဲမှာ အခြေအနေ မစိုးရိမ်ရတဲ့  ကူးစက်ခံအရေအတွက်က ၄၂,၉၅၂ ဦး ဖြစ်ပါတယ်။   အခြေအနေ စိုးရိမ်ရတဲ့အရေအတွက်ကတော့ ၁၁,၅၃၉ ဦး ရှိပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ ဟူဘေးပြည်နယ်မှာ ထပ်မံသေဆုံးသူ ၁၀၉ ဦး ရှိခဲ့ပါတယ်။  တရုတ်နိုင်ငံ ပြင်ပမှာ သေဆုံးသူကတော့ ၁၅ ယောက် အထိ ရှိလာပါပြီ။  အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၃၂ ခုမှာ ဖြစ်ပွားနေပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မယ့် စိုးရိမ်စိတ်တွေ ရှိနေချိန်မှာ အီရတ်နိုင်ငံက အီရန်နဲ့ နယ်စပ်ကို ပိတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေပါတယ်။  အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တွေ့ပြီးနောက် အီရန်နိုင်ငံသားတွေကို   အီရတ်နိုင်ငံထဲ ဝင်ရောက်ခြင်းကနေ တားမြစ်တယ်လို့ အီရတ်နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။   အီရန်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပီုး သေဆုံးသူ  ၄ ယောက် ရှိသွားပြီလို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။ 
1 year Ago
Up