၃၄ ကြိမ်မြောက် အာဆီယံ

A d v e r t i s e m e n t With Us

September 21, 2016

၃၄ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး ကျင်းပ (ဓာတ်ပုံ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို နေပြည်တော်မှာ ကျင်းပနေပါတယ်။ အာဆီယံစွမ်းအင်ဝန်ကြီးများအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ်က ပထမအကြိမ် ကျင်းပခွင့်ရခဲ့ပြီး အခုအကြိမ်ကတော့ ဒုတိယအကြိမ်ကျင်းပခွင့်ရတာလည်း ဖြစ်ပါတယ်။ အခုအစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ လက်ရှိရင်ဆိုင်နေရတဲ့ စွမ်းအင်ထုတ်လွှတ်မှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော် ဂက်စ်ပိုက်လိုင်းကိစ္စရပ်နဲ့ အကျိုးတူ စီးပွားရေးလုပ်ငန်းတွေအကြောင်း ဆွေးနွေးကြမယ်လို့သိရပါတယ်။ အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး အာဆီယံဝန်ကြီးများဆိုင်ရာ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအပြင် ဒေသတွင်း စွမ်းအင်အသုံးချမှုဆိုင်ရာ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ၊ ပြိုင်ပွဲများလည်း ကျင်းပမှာပါ။
4 years Ago
Up