၃၄ သန်

July 12, 2020

တရုတ်တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ  ၃၄ သန်းခန့်ရှိ

တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာတဲ့အတွက် ရေကြီးရေလျှံတာတွေ ဖြစ်ပြီး လူပေါင်း ၃၄ သန်းလောက် ရေဘေးသင့် နေပါတယ်။  လာမယ့်ရက်တွေအတွင်းမှာလည်း မိုးပိုကြီးလာနိုင်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင်လ ၁၂  ရက်မှာ ဖော်ပြပါတယ်။  တရုတ်အနောက်တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ကွမ်ရှီး၊ စီချွမ်၊ ကျန်စီးပြည်နယ်တို့မှာ လည်း ရေကြီးနေပါတယ်။  ကျန်းရှီးပြည်နယ်မှာ  ဇူလိုင် ၁၁ ရက်အထိ ရေဘေးကြောင့် လူ ၅ ဒဿမ ၂ သန်း ထိခိုက်ခဲ့ ပါတယ်။  လယ်ယာမြေနဲ့စိုက်ခင်းတွေ ဟက်တာ ၄ ဒဿမ ၅၆ သန်းကျော် ထိခိုက်ခဲ့ရပြီး နေအိမ်တွေလည်း ၉၈၈ လုံးအထိ ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းမျာ ဖော်ပြပါတယ်။  ရေဘေးသင့်ဒေသတွေမှာ ကပ်ဘေးသက်သာရေး အမေရိကန် ဒေါ်လာ ၄၄ ဒဿမ ၂သန်း တန် ရံပုံငွေကို ချထားပေးပြီးပြီလို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC)က ဇူလိုင် ၁၁ ရက်မှာ ပြောခဲ့ပါတယ်။ 
10 months Ago
Up