၃၂ သင်း

February 21, 2020

ယူရိုပါလိဂ်တွင် ဝုလ်နှင့်အာဆင်နယ်နိုင်ပြီး မန်ယူနိုက်တက် သရေကျ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်း ပထမအကျော့ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်အသင်း အာဆင်နယ်နဲ့ ဝုလ်ဗာဟမ်သန်တို့ အနိုင်ရရှိပြီး မန်ယူနိုက်တက်က သရေကျသွားပါတယ်။ အာဆင်နယ်ကတော့ အဝေးကွင်းမှာ အိုလံပီယာကော့စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်၊ အာဆင်နယ်အတွက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၈၁ မိနစ်မှာ လာကာဇက်က သွင်းယူခဲ့တာပါ။ ဝုလ်အသင်းကတော့ အိမ်ကွင်းမှာ အက်စ်ပန်ညိုအသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နောက်တဆင့်တက်ဖို့ အခွင့်အရေးကောင်းသွားပါတယ်။ ဝုတ်လ်အတွက် အနိုင်ဂိုးတွေကိုတော့ ဂျိုတက ဟက်ထရစ်ဂိုးနဲ့ နက်ဗက်စ်က ၁ ဂိုး သွင်းယူခဲ့တာပါ။ မန်ယူနိုက်တက်ကတော့ အဝေးကွင်းမှာ ကလပ်ဘရုဂေး နဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ အိမ်ရှင်းအသင်းက ပွဲကစားချိန် ၁၅ မိနစ်မှာ ဒန်းနစ်က ဦးဆောင်ဂိုး အရင်သွင်းယူခဲ့ပြီး မန်ယူအသင်းက နောက်က လိုက်ကစားခဲ့ရတာပါ။ မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ တိုက်စစ်မှူးမာရှယ်က ပွဲချိန် ၃၆ မိနစ်မှာ သွင်းယူခဲ့ပါတယ်။
2 years Ago
Up