၃၂ ဂိုး သွင်းယူ

A d v e r t i s e m e n t With Us

March 30, 2020

ရွန်းနီ၏သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်လိုဟု ဟယ်ရီကိန်းပြော

ရွန်းနီစံချိန်တင်ထားတဲ့ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်ချင်တယ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။  အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းဟာ အသင်းအတွက် စုစုပေါင်း ၃၂ ဂိုး သွင်းယူထားပြီး ရွန်းနီစံချိန်တင်ထားတဲ့ ၅၃ ဂိုးကို မီဖို့အတွက် ၂၁ ဂိုးအထိ လိုအပ်နေသေးတာပါ။ ဒါပေမယ့် ဟယ်ရီကိန်းအနေနဲ့ အနာဂတ်မှာ ကစားရမယ့် ပွဲစဉ်တွေ ကျန်သေးတာကြောင့် ရွန်းနီရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။  အင်္ဂလန်အတွက် နောက် ထပ် ၁၀ နှစ်လောက်အထိ အနည်းဆုံး ကစားနိုင်ဖို့မျှော်လင့်ပြီး ရွန်းနီရဲ့ သွင်းဂိုး စံချိန်ကို မီနိုင်ဖို့ ယုံကြည်မူရှိတယ်လို့လည်း ကိန်းက ပြောပါတယ်။  အမှန်တကယ် ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ရင်တော့ စိတ်ပျက်စရာဖြစ်လာနိုင်တယ်လို့လည်း ဟယ်ရီကိန်းက ဆိုပါတယ်။ 
11 months Ago
Up