၃၁ ဦး သေဆုံး

November 26, 2017

လစ်ဗျားတွင် လှေနစ်မြုပ်၊ ၃၁ ဦး သေဆုံး

နိုဝင်ဘာ ၂၅ ရက်နေ့က လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းလွန်မှာ ရွှေ့ပြောင်းသွားလာသူတွေရဲ့ လှေနစ်မြုပ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၁ ဦး ရေနစ်သေဆုံးခဲ့ပြီး လူ ၂၀၀ လောက်ကို လစ်ဗျား ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ရွှေ့ပြောင်းသွားလာသူတွေဟာ မြို့တော် ထရီပိုလီအရှေ့ဘက် ဂါရာဘူရီအနီးကနေ လှေနှစ်စင်းနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပြီး လှေတစ်စင်းဟာ ကမ်းခြေစောင့်တပ်ဖွဲ့ ရောက်မလာခင် တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။ “ကမ်းခြေစောင့်တပ်ဖွဲ့ရောက်သွားချိန်မှာ လူတစ်စုက မှောက်သွားတဲ့လှေကို တွဲခိုနေတာ တွေ့ရတယ်။ ကျန်တဲ့လူတွေကတော့ လှေနစ်ချိန်မှာ တကွဲတပြားဖြစ်သွားပြီး ရေနစ်သေဆုံးခဲ့တာပါ။ အဲဒီနစ်မြုပ်သွားတဲ့လှေကနေ လူ ၆၀ လောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အလောင်း ၃၁ လောင်း ဆယ်ယူရရှိပါတယ်။” လို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။ ဒုတိယလှေကနေ လူပေါင်း ၁၄၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အခုနှစ်အတွင်း ဥရောပတိုက်ကို လှေနဲ့ ရွှေ့ပြောင်းသွားလာမှုကြောင့် လူ ၃,၀၀၀ နီးပါး  သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

October 29, 2017

နီပေါတွင် ဟိန္ဒူဘုရားပွဲပြန် ကားတစီး မြစ်ထဲကျ၊ ၃၁ ဦး သေဆုံး

နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူမှာ ခရီးသည်တွေကို တင်ဆောင်ထားတဲ့ ဘတ်စ်ကားတစီး အဝေးပြေးလမ်းပေါ်က ချော်ပြီး မြစ်ထဲကျခဲ့လို့ လူအနည်းဆုံး ၃၁ ယောက် သေဆုံးပြီး လူအချို့လည်း ကားထဲမှာ ပိတ်မိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ခတ္တမန္ဒူမြို့တော်မှာ ကျင်းပနေတဲ့ ဟိန္ဒူဘုရားပွဲကနေ အောက်တိုဘာ ၂၈ ရက်နေ့က ပြန်လာချိန်မှာ ခုလိုဖြစ်တာပါ။ ခတ္တမန္ဒူ မြို့တော်နဲ့ တောင်ပိုင်းလွင်ပြင်တွေကို ချိတ်ဆက်ထားတဲ့ ပရီဗီ အဝေးပြေးလမ်းပေါ်မှာ မတော်တဆ ဖြစ်ခဲ့တာပါ။ အလောင်း ၃၁ လောင်းကို ဆယ်ယူရရှိခဲ့ပြီး အသက်ရှင်သန်နိုင်သူရှိဖို့ အလားအလာ သိပ်မရှိဘူးလို့ အစိုးရ အရာရှိ ရမ် မာနီက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက ဒဏ်ရာရသူ ၁၅ ယောက်ကို ကယ်နိုင်ခဲ့တယ်လို့ အခင်းဖြစ်ရာနေရာက ရဲအရာရှိတယောက်က ပြောပါတယ်။ အစိုးရ အုပ်ချုပ်ရေးမှူးကတော့ လူ ၁၆ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။ အသက်ရှင်သူတွေဟာ ကားပြတင်းပေါက်ကနေ လွင့်ထွက်ခဲ့သူတွေဖြစ်ပြီး ကျန်ရစ်သူ ၁၃ ယောက်က ဘတ်စ်ကားထဲမှာတင် ပိတ်မိနေတာ ဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။ ဘတ်စ်ကားဟာ အင်မတန် အရှိန်မြှင့် မောင်းခဲ့တယ်လို့ ရှင်သန်ကျန်ရစ်သူ တယောက်က ပြောပါတယ်။ တောင်ထူထပ်တဲ့ နီပေါနိုင်ငံမှာ လမ်းမတော်တဆမှုတွေ ဖြစ်နေကျပါ။ နှစ်စဉ် ကားတိုက်မှုကြောင့် လူအယောက် ၁၈၀၀ လောက် သေဆုံးလေ့ရှိတယ်လို့ ရဲက ပြောပါတယ်။ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး လူတွေ ကြပ်ညပ်နေအောင် တင်တဲ့ ယာဉ်တွေကြောင့် မတော်တဆ မှုတွေ ဖြစ်နေတာလို့ အပြစ်တင် ပြောဆိုထားပါတယ်။ ရုပ်သံ - စီဂျီတီအန်
3 years Ago
Up