၃၀ ကျော်ပျောက်

November 1, 2020

အယ်လ်ဆာဗေဒိုနိုင်ငံတွင် မိုးကြီးမြေပြိုမှုကြောင့် ၇ ဦး သေဆုံး၊ ၃၀ ကျော်ပျောက်ဆုံး

အယ်လ်ဆာဗေဒိုနိုင်ငံမှာ မိုးကြီးပြီး မြေပြိုလို့ လူ ၇ယောက်ထက် မနည်း သေဆုံးပြီး အယောက် ၃၀ကျော် ရွှံ့ပြင်ကြီးအောက်မှာ ပျောက်ဆုံးနေတယ်လို့ သံသယရှိကြောင်း အစိုးရက အောက်တိုဘာ ၃၀ မှာ ပြောပါတယ်။ မြို့တော်ရဲ့ မြောက်ဘက် ၁၁ မိုင်အကွာ နေဂျာပါ စည်ပင်ဧရိယာထဲက လော့စ် အိန်ဂျယ်လိတို့စ် ရွာမှာ ရွှံ့မြေပြိုကျခဲ့တာပါ။ ညလုံးပေါက် မိုးရွာလို့ ဆန်ဆယ်လ်ဗာဒေါ မီးတောင် ခါးပန်းက မြေတွေ ပြိုကျတာလည်း ဖြစ်ပါတယ်။ မြေပြိုမှုကြောင့် ၂ မိုင်ခွဲလောက် ရှည်တဲ့ လမ်းကြောင်းကြီးဟာ တောင်ခါးပန်းက ရွှံ့တွေ ကျောက်တုံးတွေနဲ့ သစ်လုံးတွေကို တိုက်စားသွားခဲ့တယ်လို့ အယ်လ်ဆာဗေဒို အရပ်ဘက် ကာကွယ်ရေး ဌာနက ပြောခဲ့ပါတယ်။
1 year Ago
Up