၃၀၀

May 13, 2020

Hyatt ဟိုတယ်လုပ်ငန်းစုက ကမ္ဘာတဝန်းရှိ ဝန်ထမ်း ၁,၃၀၀ ကို အလုပ်ရပ်နားမည်

Hyatt ဟိုတယ်လုပ်ငန်းစုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် သက်ရောက်မှုတွေကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲဖို့ တကမ္ဘာလုံးက ဝန်ထမ်း အယောက် ၁,၃၀၀ ကို အလုပ်ရပ်နားမယ်လို့ မေ ၁၁ ရက်က ပြောပါတယ်။ အကြီးတန်း စီမံခန့်ခွဲသူတွေ၊ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းအားလုံးတို့ရဲ့ လစာငွေကို လျှော့ချဖြတ်တောက်ပြီး ဖွဲ့စည်းပုံ ပြန်ပြင်မယ်၊ အလုပ်ထွက်ရသူတွေကို လျော်ကြေးငွေ ပေးမယ်လို့ Hyatt ဟိုတယ်လုပ်ငန်းစုက ပြောပါတယ်။ ခရီးသွားမှုသမိုင်းဝင် ကျဆင်းခဲ့တာကြောင့် ပြန်နာလန်ထူဖို့ နှေးမယ်လို့ မျှော်လင့်တယ်။ ၂၀၂၀ ဇွန်လ ၁ ရက်ကစပြီး တကမ္ဘာလုံးက ကော်ပိုရိတ်လုပ်ငန်းစဉ်တွေမှာ ဖွဲ့စည်းပုံ အခန်းကဏ္ဍ ပြန်ပြင်ဖို့နဲ့ ဝန်ထမ်းလျှော့ချဖို့ အလွန်အမင်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချပြီးပြီလို့ Hyatt က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီဟိုတယ်လုပ်ငန်းစုရဲ့ ၃ လပတ် ဆုံးရှုံးမှုဟာ မျှော်လင့်ထားတာထက် ပိုကျယ်ပြန့်ခဲ့တယ်လို့ ကျန်ခဲ့တဲ့သီတင်းပတ်အတွင်း အစီရင်ခံပါတယ်။ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်ထိ အချက်အလက်တွေအရ ဒီလုပ်ငန်းစုမှာ ဝန်ထမ်း ၅၅,၀၀၀ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စကတည်းက သီတင်းပတ်တိုင်းမှာ ဟိုတယ်လုပ်ငန်းဟာ ပြန်ရငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အရှုံးပေါ်နေတယ်။ တနှစ်အတွင်း ဟိုတယ်မှာ တည်းခိုသူ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ အမေရိကန် ဟိုတယ်လုပ်ငန်းအသင်းနဲ့ အမေရိကန် ခရီးသွားလုပ်ငန်းအသင်းတို့က မတ်လမှာ ခန့်မှန်းထားပါတယ်။
11 months Ago
Up