၂ နှစ်အရွယ်ကလေးရဲ့ အံ့မခန်း စွမ်းရည်ပြပွဲ ရေပန်းစား (ရုပ်သံ)

A d v e r t i s e m e n t With Us

November 19, 2016

၂ နှစ်အရွယ်ကလေးရဲ့ အံ့မခန်း စွမ်းရည်ပြပွဲ ရေပန်းစား (ရုပ်သံ)

တရုတ်နိုင်ငံရဲ့ China Central Television က ထုတ်လွှင့်တဲ့ original reality show သရုပ်ပြပွဲမှာ အသက် ၂ နှစ်အရွယ်ကောင်လေး အာရက်တ်ဟိုစိန်နီက ခက်ခဲလှတဲ့ စိန်ခေါ်မှုတွေပါဝင်တဲ့ စမ်းသပ်မှုတွေကို သူရဲ့ထူးခြားတဲ့ စွမ်းရည်တွေနဲ့ပြသသွားတာကို စီစီတီဗီရဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ကျွမ်းဘားသမား ကလေးငယ်ဟာ မြေပြင်ပေါ်ကို ပြုတ်ကျခြင်းမရှိပဲ လှေကားအမြင့်နဲ့ နံရံတွေပေါ်ကို တက်ပြတာ၊ ကောင်းကင်ဘားကို ကျွမ်းကျွမ်းကျင်ကျင် ချိန်ဆပြီး ကစားပြသွားတာတွေကို တွေ့ရမှာပါ။ အီရန်လူမျိုးကလေးရဲ့ ခန္ဓာကိုယ်ခွန်အားနဲ့ လေ့ကျင့်မှု ဗွီဒီယို ဓာတ်ပုံတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးက လူမှုကွန်ရက်တွေမှာ တစ်ဆင့်ပြန်လည်ဖြန့်ဝေပြီး ထင်ရှားပျံ့နှံ့လာတာပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ကလေးတွေရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ပြသနေပြီး သူတို့တွေရဲ့ ရဲစွမ်းသတ္တိနဲ့ မဆုတ်မနစ်ကြိုးပမ်းမှုကို မွေးမြူပေးတာဖြစ်တယ်လို့ အာရက်ရဲ့ဖခင်က ပြောခဲ့ပါတယ်။ အာရက်တ်ရဲ့ စွန့်စားခန်းတွေကို ဗွီဒီယိုရုပ်သံထဲမှာ မြင်တွေ့ရမှာပါ။
4 years Ago
Up