၂ နှစ်သားလေး

August 7, 2018

ရေကူးကျွမ်းကျင်သည့် ၂ နှစ်သားကလေး ရုပ်သံ ရေပန်းစား

အသက် ၂ နှစ်အရွယ်သာ ရှိနေသေးပေမယ့် ရေကို ကျွမ်းကျွမ်းကျင်ကျင် ကူးခတ်နိုင်တဲ့ ကလေးလေးဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေပါတယ်။ Feedytv.com အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီကလေးငယ်ဟာ ရေကူးကန်ထဲမှာ ရှိနေခဲ့ပြီး ပျော်ရွှင်စိတ်လှုပ်ရှားနေခဲ့ပုံရတာကို တွေ့မြင်နိုင်ပါတယ်။ သူဟာ ရေကူးကန်ရဲ့ ရေမျက်နှာပြင်ပေါ်မှာ ပေါလောအနေအထားနဲ့ လှုပ်ရှားကူးခတ်နေခဲ့တာဟာ တကယ့်ကို အံ့သြစရာ ကောင်းနေပါတယ်။ ကလေးငယ်တယောက်အဖို့ ရေကူးတယ်ဆိုတဲ့ အားကစားနည်းကို ဆုံးဖြတ်ဖို့ အသက်အရွယ်က သေချာတဲ့ အတားအဆီးတခု ဖြစ်နေပေမယ့် ဒီကလေးငယ်ကတော့ ဒါတွေကို မလိုအပ်တော့ဘူးလို့ ပြောနေပုံပါပဲ။ ဘယ်အသက်အရွယ်မှာမဆို ရေကူးတာကို ခွင့်ပြုပေးနိုင်တယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မေးခွန်းထုတ်စရာဖြစ်နေတဲ့ ၂ နှစ်သားကလေးရဲ့ အံ့ဖွယ် ရေကူးစွမ်းရည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
3 years Ago
Up