၂-၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

January 22, 2018

နာမည်ကြီး ပီအက်စ်ဂျီ လိုင်ယွန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

    မ​နေ့ညက ယှဉ်​ပြိုင်​ကစားခဲ့တဲ့ ပြင်​သစ်​လီဂူးပွဲစဉ်​မှာ နာမည်​ကြီး ပီအက်​စ်​ဂျီအသင်းဟာ လိုင်​ယွန်​အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်​။ မန်​ယူတိုက်​စစ်​မှူး​ဟောင်း မန်းဖစ်​ဒီ​ပေးရဲ့ အချိန်​ပိုသွင်းဂိုးနဲ့ အနိုင်​ရရှိခဲ့တာဖြစ်​ပြီး​ အခုပွဲရလဒ်​​ကြောင့် နှစ်​သင်းစလုံးရဲ့ အမှတ်​ကွာခြားချက်​ဟာ ၈ မှတ်​သာ ရှိ​ပါ​တော့တယ်​။ အဓိကကစားသမား အန်​ဘာ​ပေးရဲ့ ပွဲကစားချိန်​ ၃၆ မိနစ်​မှာ ဒဏ်​ရာရရှိမှုနဲ့အတူ ပွဲကစားချိန်​ ၅၇ မိနစ်​မှာ​တော့ အဲလ်​ဗတ်​စ် ​အနီကတ်​ပြခံခဲ့ရတာဟာ ပွဲရလဒ်​ကို အ​ပြောင်းအလဲ ဖြစ်​​စေခဲ့ပါတယ်​။ ဒီပွဲစဉ်​မှာ ဒီဂျွန်​ကို တ​ဦးတည်း ၄ ဂိုးသွင်းခဲ့တဲ့ ​နေမာဟာ တံ​ကောက်​​ကြော ဒဏ်​ရာရရှိ​နေခဲ့တာ​ကြောင့် ပါဝင်​လာခြင်းမရှိဘူးလို့ သိရပါတယ်​။
3 years Ago
Up