၂ ဦး သေဆုံး

July 31, 2022

ဂန့်ဂေါမြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲတပ်သား ၃ ယောက်ကို PDF-GANGAW- တောင်ပိုင်း ရဲဘော်တွေက ဇူလိုင် ၃၀ ရက်မှာ သွားရောက် ပစ်ခတ်ခဲ့ကြတယ်လို့  PDF ဂန့်‌ဂေါတောင်ပိုင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တပ်ဖွဲ့ဘက်က ချောင်းမြောင်းပစ်ခတ်ခဲ့တာ ရဲ နှစ် ဦး ကျသွားတယ်။ ရဲ တယောက်က‌တော့ နံကြားကို သေနတ်မှန်ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်”

ပစ်ခတ်မှုအပြီး ရဲစခန်းအတွင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ PDF-GANGAW-တောင်ပိုင်းရဲဘော်တွေ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာ နိုင်ခဲ့တယ်လို့ဆိုပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီကဂန့်ဂေါနယ်ကို အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး သ‌တင်းအမှောင်ချထားတာ ၁၁ လဝန်းကျင်ရှိပြီလည်းဖြစ်ပါတယ်။

6 months Ago

January 10, 2021

စပိန်တွင် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှုကြောင့် ၂ ဦး သေဆုံး

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်မှာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှု ကြောင့် ဇန်နဝါရီ ၉ ရက်က လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။  စပိန်တောင်ပိုင်း မာလာဂါမြို့အနီးမှာ  အမျိုးသမီးတစ်ဦး ကားထဲပိတ်မိပြိး သေဆုံးခဲ့ပါတယ်။  အလားတူ နိုင်ငံအရှေ့ပိုင်း ကာလာတာယူမြို့မှာလည်း အိမ်ခြေမဲ့တစ်ဦး အေးခဲ သေဆုံးခဲ့ပါတယ်။  စပိန်ဝန်ကြီးချုပ် ဆန်းချက်ကလည်း ခရီးသွားလာတာတွေကို ရှောင်ရှားပြီး အရေးပေါ် အကူအညီပေးရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။  မြို့တော် မက်ဒရစ် အနီးဝန်းကျင် လမ်းမတွေပေါ်မှာ နာရီချီပြီး ပိတ်မိနေတဲ့  ယာဉ်မောင်းတွေကို ကယ်ဆယ်ဖို့  စစ်သားတွေ ကြိုးပမ်းနေကြပါတယ်။  လမ်းမတွေပေါ်က  ယာဉ်တွေကို ကယ်ဆယ်ရေး  ဆက်လုပ်နေတယ်လို့  စစ်ဘက်အရေးပေါ် အကူအညီပေးရေး အဖွဲ့က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။  ဖလော်မီနာ ဆီးနှင်းမုန်တိုင်းကြောင့် မက်ဒရစ်လေဆိပ်ကို ပိတ်ထားပြီး ခါတိုင်း ယာဉ်သွားယာဉ်လာထူပြောတဲ့ ဂရန်ဗီယာ လမ်းမပေါ်မှာ လူတွေက နှင်းလျှောစီးနေကြပါတယ်။ 
2 years Ago
More News
Up