၂ ဦး သေ

July 19, 2020

စဉ့်ကူးမြို့တွင် လူ ၅ ဦး လိုက်ပါလာသည့် လှေ ၁ စီးနစ်မြုပ်၊ ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့၊ ရွာတော်လေးကျေးရွာ၊ မောင်းမကန်အင်းမှာ ဒီနေ့မနက် ၉ နာရီခွဲလောက်က လှေ ၁  စီး နစ်မြုပ်မှုကြောင့် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လှေပေါ်ပါရှိသူ ၅ ဦးအနက် ကျား ၁ ဦး၊ မ ၁ ဦး ပျောက်ဆုံးနေတာဖြစ်ပြီး စဉ့်ကူးမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မနက် ၁၀ နာရီခွဲနဲ့ ၁၂ နာရီကျော်တို့မှာ ၂ ဦးလုံးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
10 months Ago
Up