၂ ဦး ထပ်မံနုတ်ထွက်

A d v e r t i s e m e n t With Us

December 17, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်  ၂ ဦး ထပ်မံနုတ်ထွက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်  ဦးစိုင်းကျော်မိုးနဲ့ ဦးဆီဟူးဒွေ့တို့ ထပ်မံနုတ်ထွက်သွားပါတယ်။ အခုလို ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကက သူ့တို့ရဲ့  သဘောဆန္ဒအရ နုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ကြောင်း အမိန့်ကြေညာစာကို ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်မနက်က ပြည်ထောင်စုလွှတ်တော်မှာ ဖြန့်ဝေခဲ့ပါတယ်။ အရင်ကလည်း ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်နှစ်ဦးနဲ့ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် တဦးတို့ နုတ်ထွက်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်  ၄၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ နုတ်ထွက်သူ စုစုပေါင်း  ၅ ဦး ရှိသွားပြီဖြစ်လို့ ၄၀ ဦးသာ ကျန်ရှိတော့ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကတော့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ လုပ်ငန်းစဉ်ကို ခုလွှတ်တော်သက်တမ်း မကုန်ခင်မှာ ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောကြားထားပါတယ်။ 
1 year Ago
Up