၂ ဦးထပ်မံသေဆုံ

September 14, 2020

ကိုဗစ်-၁၉ လူနာ အမျိုးသား ၂ ဦးထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ သေဆုံးသူ စုစုပေါင်း  ၂၆ ဦးရှိလာ

ကိုဗစ်-၁၉ ရောဂါနဲ့ လူနာ အမျိုးသား ၂ ဦး ထပ်မံသေဆုံးသွားပြီး  မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူစုစုပေါင်း  ၂၆ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။   မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါနဲ့ စက်တင်ဘာ ၁၃ ရက် ညနေ  ၄ နာရီက  သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ အလားတူ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့  အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိ အမျိုးသား (Case-1987) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းရောဂါနဲ့ စက်တင်ဘာ ၁၄ ရက် မနက်   ၆ နာရီ ၃၆ မိနစ်က  သေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ  ကိုဗစ်-၁၉ အတည်ပြလူနာ ၃,၀၁၅ ဦး၊ သေဆုံးသူ ၂၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၉၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၇၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago
Up