၂ ဦးသေ ၆ ဦး ဒဏ်ရာရ

April 10, 2018

လမ်းပေါ်တွဲကျနေသည့် သစ်ကိုင်းများကို ခရီးသည်တင်ကားဝင်တိုက်၊ ၂ ဦးသေ ၆ ဦး ဒဏ်ရာရ

မော်လ်တာနိုင်ငံ၊ ဇူရိယပ်ခ်မြို့မှာ လမ်းပေါ်တွဲကျနေတဲ့ သစ်ကိုင်းတွေကို ခရီးသွားတွေစီးလာတဲ့ နှစ်ထပ်ဘတ်စ်ကားက ဧပြီ ၉ ရက်နေ့မှာ ဝင်တိုက်လို့ ခရီးသွားဧည့်သည် ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒေသခံမီဒီယာတွေကတော့ ဧပြီ ၈ ရက် ညတုန်းက တိုက်ခတ်တဲ့ လေပြင်းကြောင့် သစ်ကိုင်းတွေဟာ ပုံမှန်ထက် အောက်ကို နိမ့်နေတာ ဖြစ်နိုင်တယ်လို့ သတင်းဖော်ပြပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ချိန်မှာ ခရီးသွားတွေဟာ ဘတ်စ်ကားရဲ့ အပေါ်ထပ်မှာ အမိုးဖွင့်လျက် လိုက်ပါလာခဲ့တာပါ။ သေဆုံးသူနှစ်ဦးဟာ ဘယ်လ်ဂျီယံအမျိုးသားနဲ့ စပိန်အမျိုးသမီးဖြစ်ပြီး  ဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းသူ ၃ ဦးမှာ ဗြိတိန်နိုင်ငံသားတွေဖြစ်တယ်လို့ မော်လ်တာ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဇူရိယပ်ခ်မြို့ဟာ ခရီးသွားဧည့်သည်တင် ဘတ်စ်ကားတွေ ပြေးဆွဲလေ့ရှိတဲ့မြို့ဖြစ်ပြီး မြို့တော် ဗယ်လက်တာကနေ ၁၀ မိုင်အကွာမှာ ရှိပါတယ်။
3 years Ago
Up