၂ ဦးဒဏ်ရာရ

February 10, 2018

ရွှေဘို-ကျောက်မြောင်းလမ်းတွင် လူမှုကူညီရေးကားတိမ်းမှောက် ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ရွှေဘို-ကျောက်မြောင်းလမ်းမှာ လူမှုကူညီရေးကား တိမ်းမှောက်ခဲ့မှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊အမှတ် ၁၀ ရပ်ကွက်၊ ရွှေဘို-ကျောက်မြောင်းလမ်းမှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၉ နာရီကျော်အချိန်က လူမှုကူညီးရေးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါလာသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း စိုးမင်းအောင် မောင်းနှင်လာတဲ့ Alphad အမျိုးအစား ကရုဏာမောင်မယ် လူမှုကူညီးရေးကားက မိုင်တိုင်အမှတ် ၄/၁ နှင့် ၄/၂ ကြား လမ်းလယ်မှာရှိတဲ့ ကျောက်ပုံကိုတိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်ခဲ့လို့ ကားပေါ်ပါလာတဲ့ ယာဉ်မောင်း စိုးမင်းအောင် (၂၃ နှစ်) မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ နားထင်သွေးထွက်ဒဏ်ရာတွေ ရရှိပြီး ရွှေဘိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့ပါတယ်။  ဒါ့အပြင် ဒဏ်ရာရရှိခဲ့တဲ့ သီဟသူဝင်းနဲ့ ဘိုဘိုတို့လည်း အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူသေဆုံးဒဏ်ရာရှိစေခဲ့တဲ့အတွက် ယာဉ်မောင်း စိုးမင်းအောင် ကို ရွှေဘိုမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
4 years Ago

August 5, 2017

အင်းတော်တွင် မိုးကြိုးပစ်ခံရ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ဗုဓလက်ကျေးရွာမှာ သြဂုတ် ၅ ရက် မနက် ၆ နာရီလောက်က မိုးကြိုးပစ်ခံရမှုကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။ အင်းတော်မြို့နယ် ဗုဓလက်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအနီးရှိ လယ်ကွင်းမSာ စပါးစိုက်ပျိုးဖို့အတွက် တောင်သူ ၂၇ ဦးဟာ တာလမ်းအတိုင်း လမ်းလျှောက်လာစဉ် မခင်မာအေး (၃၀) နှစ်ကို မိုးကြိုးထိမှန်ခဲ့ရာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဗိုက်နဲ့ မျက်နှာမှာ ညိုမည်းဒဏ်ရာတွေနဲ့ နေရာမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် အောင်ကိုထက် (၁၆) နှစ် နဲ့ မလှညို (၃၄) နှစ်တို့လည်း သတိလစ်မေ့မျော ခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ သတိလစ်မေ့မျောခဲ့သူ ၂ ဦးကို အင်းတော်မြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ကုသထားပြီး အခုအခါ စိုးရိမ်စရာ အခြေအနေမရှိတော့ဘူးလို့ ဗုဓလက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ပြောပါတယ်။ အင်းတော်မြို့မရဲစခန်းက မခင်မာအေး သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
4 years Ago
Up