၂ လ ရွှေ့ဆိုင်းကျင်းပ

A d v e r t i s e m e n t With Us

June 16, 2020

ကိုဗစ်-၁၉ ကြောင့် အော်စကာဆုပေးပွဲ ၂ လ ရွှေ့ဆိုင်းကျင်းပမည်

ကိုဗစ်-၁၉ ဂယက် ရိုက်ခတ်မှုကြောင့် အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို  မူလသတ်မှတ်ထားတဲ့ ရက်ထက် အချိန် ၂ လ ရွှေ့ဆိုင်းကျင်းပသွားဖို့ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ၉၃ ကြိမ်မြောက် အော်စကာဆုပေးပွဲကို အစပိုင်းတုန်းကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပသွားဖို့ သတ်မှတ်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရာမှာလည်း ပါဝင်နိုင်မယ့် ရုပ်ရှင်ကားတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ကနေ ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်သတ်မှတ်ဖို့ စီစဉ်သူတွေက သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ အော်စကာဆုပေးပွဲ ရွှေ့ဆိုင်းမှုနဲ့ တပြေးညီပဲ ဗြိတိန်ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ British Academy Film Awards (Baftas) ကိုလည်း ဧပြီလ ၁၁ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ရကာ အခုနှစ်ကုန်ထိ ရုံတင်ပြသမယ့် ရုပ်ရှင်ကားတွေဟာလည်း ရုံတင်ရက်အခက်အခဲတွေ နဲ့ ကြုံတွေ့နေပါတယ်။ အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပမယ့် ရက်ရွှေ့ဆိုင်းမှုဟာ အရင်ကလည်း ၃ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၃၈ ခုနှစ်က အမေရိကန်နိုင်ငံ၊ လော့စ်အင်ဂျလိစ်မှာ ရေကြီးရေလျှံမှု၊ ၁၉၆၈ ခု နှစ်မှာ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာ လုပ်ကြံသတ်ဖြတ်ခံရမှု၊ ၁၉၈၁ ခုနှစ်မှာ သမ္မတ ရော်နယ်ရေဂင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းအားထုတ်မှုစတဲ့ အရေးတွေကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လာမယ့် အော်စကာဆုပေးပွဲ အခမ်းအနားကို အွန်လိုင်းပေါ်မှတဆင့်ပဲ ကျင်းပမလား၊ လူပရိသတ်တွေပါဝင်တဲ့ အခမ်းအနားအနေနဲ့ ကျင်းပသွား မလားဆိုတာကို ပြောဖို့တော့ စောနေပါသေးတယ်။ အော်စကာဆုရ ဆန်ကာတင်စာရင်းကိုတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
9 months Ago
Up