၂ လဆက် အကောင်းဆုံးဆုရ

July 11, 2020

မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ၂ လဆက် အကောင်းဆုံးဆုရ 

မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အကောင်းဆုံးကစားသမားဆုကို ၂ လဆက်တိုက် ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ၂ လဆက်ရရှိတဲ့ မန်ယူ ကစားသမား ဖြစ်လာပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တလတာ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပြီး ဇွန်လအတွက်ဆုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ စီရော်နယ်ဒိုက နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ ၂ လဆက်တိုက် ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ဇွန်လအတွင်းမှာ ၅ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ အခွင့်အရေး ဖန်တီးနိုင်မှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာပါ။  ပေါ်တူဂီကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် မန်ယူအသင်းရဲ့ ကစားပုံနဲ့ အမြန်ဆုံး အံဝင်ခွင်ကျဖြစ်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဇွန်လအတွက် အကောင်းဆုံးနည်းပြဆုကိုတော့ ဝုဗ်နည်းပြ ဆန်းတို့စ်က ရရှိခဲ့ပါတယ်။
10 months Ago
Up