၂ လကလေး ၁ ဦး

A d v e r t i s e m e n t With Us

October 28, 2020

မင်းလှတွင် ကိုဗစ်လူနာ ၂ လအရွယ် ကလေး ၁ ဦးအပါအဝင် အယောက် ၄၀ ဆေးရုံဆင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ကိုဗစ်-၁၉ လူနာ ၂ လအရွယ် ကလေးငယ် အပါအဝင် အယောက် ၄၀ ရောဂါပျောက်ကင်းသွားတာကြောင့် အောက်တို ၂၇ ရက်က ဆေးရုံဆင်းခွင့်ပြုလိုက်ပြီ မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ အောက်တို့ဘာ ၁၈ ရက်နေ့က ဓာတ်ခွဲနမူနာ ၂၅၀ ပေးပို့စစ်ဆေးရာ ၂ လအရွယ်ကလေး  ၁ ဦး အပါအဝင် အယောက် ၄၀ မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး မင်းလှဆေးရုံနဲ့ အိုးအိမ်ဝန်းထမ်အိမ်ရာမှာ ဆေးကုသမှုခံယူခဲ့တာပါ။  ၂ လအရွယ် ကလေးငယ် မိန်းကလေးဟာ မိခင်နဲ့အတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ပြန်လာပြီးနောက် Quarantine ဝင်ပြီး ရောဂါစစ်ဆေးရာမှာ နှစ်ဦးလုံး ပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဌာနက သိရပါတယ်။ ဆေးရုံဆင်းခွင့်ရရှိခဲ့တဲ့ လူနာတွေဟာ ရောဂါလက္ခဏာမပြတော့ဘဲ ပြန်လည်သက်သာလာတာ ၁၁ ရက်ပြည့်တာကြောင့် ဆင်းခွင့်ပြုခဲ့တာဖြစ်ပြီး နေအိမ်မှာ ၇ ရက် ထပ်မံအသွားအလာ ကန့်သတ်ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။ ဆေးရုံဆင်းလူနာတွေကို မင်းလှလူမှုကယ်ဆယ်ရေးအသင်း၊ ဖြူစင်မေတ္တာ ပရဟိတအသင်း၊ ကုသိုလ်ဖြစ်စေတနာရှင်ပရဟိတအသင်း၊ စိန်ကန့်လန့်လူမှု ကယ်ဆယ်ရေးအသင်း၊ ကရုဏာရှင်လူမှူကယ်ဆယ်ရေးအသင်းနဲ့ စစ်ကွင်းအသင်းတို့က ကားတွေနဲ့  နေအိမ်တွေ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းလှမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်နေ့ည‌နေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇ ဦး ရှိတဲ့အနက် ၁၀၃ ဦး ဆေးရုံဆင်းခွင့်ရရှိပြီး လူနာ ၁၄ ဦးကို ဆက်လက်ကုသပေးနေတယ်လို့ သိရပါတယ်။ သတင်း - သက်နိုင်ဝင်း
3 months Ago
Up