၂ ပွဲပယ်ပြစ်ဒဏ်

September 17, 2020

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မာဆေးနဲ့ပွဲက အနီကတ်ပြစ်ဒဏ်အတွက် ၂ ပွဲပယ်ပြစ် ဒဏ်ချ မှတ်ခံခဲ့ရပါတယ်။  နေမာဟာ မာဆေးနောက်ခံလူ အယ်ဗာရို ဂွန်ဇာလက်ဇ်ရဲ့ဦးခေါင်းကို လက်နဲ့ မသိမသာ ထိုး ကြိတ်ခဲ့တာကြောင့် ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာပါ။  အဲဒီပွဲစဉ်မှာ အနီကတ် ၅ ကတ်အထိပြသခဲ့ပြီး တခြားကစားသမားတွေကိုလည်း ပွဲပယ်ပြစ် ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။  မာနေးနောက်ခံလူ အမာဗီနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ပီအက်စ်ဂျီနောက်ခံလူ ကာဇာဝါကို ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အမာဗီကိုတော့ ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  ဒါ့အပြင် အနီကတ်ပြသခံခဲ့ရတဲ့  ပီအက်စ်ဂျီ ကွင်းလယ်လူ ပါရီဒက်စ်ကို ၂ ပွဲပယ်ခဲ့ပြီး မာဆေး တိုက်စစ်မှူး ဘာနက်ဒီတိုကို ၁ ပွဲပယ်ခဲ့ပါတယ်။  တောင်ပံကစားသမား ဒီမာရီယာကတော့ ပြိုင်ဘက်ကို တံတွေးနဲ့ထွေးခဲ့တယ်လို့ စွပ်စွဲခံထား ရပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ နေမာကို လူမျိုးရေးခွဲခြားခဲ့တယ်လို့ဆိုတဲ့ မာဆေး နောက်ခံလူ ဂွန်ဇာလက်ဇ်ကိုလည်း စုံစမ်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 
1 year Ago
Up