၂ ပွဲ ကစားမည်

January 14, 2017

ပဏာမ မြန်မာ့လက်ရွေးစင် ယူ ၁၈ အသင်း ခြေစမ်းပွဲ ၂ ပွဲ ကစားမည်

အာဆီယံ ယူ ၁၈ ပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ပဏာမ မြန်မာ့လက်ရွေးစင် ယူ ၁၈ အသင်းဟာ ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ ရတနာပုံ ယူ-၂၁ အသင်းနဲ့ ဇန်နဝါရီ ၁၈ ရက်မှာ ရတနာပုံတက္ကသိုလ်အသင်းတို့နဲ့ မန္တလေးမြို့ ဗထူးကွင်းမှာ ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားမယ်လို့ ဆိုပါတယ်။ ပဏာမ မြန်မာ့လက်ရွေးစင် ယူ ၁၈ အသင်းဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံမှာ ခြေစမ်းပွဲတွေ သွားရောက်ကစားထားခဲ့ပြီး နောက်ဆုံးခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၅ ရက်နေ့က မြန်မာနေရှင်နယ်လိဂ်ကလပ် ဆောက်သမ်းမြန်မာအသင်းနဲ့ မော်လမြိုင်မြို့မှာ ခြေစမ်းကစားခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။
5 years Ago
Up