စပိန် လာလီဂါ ဒုတိယပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က ဆဲလ်တာဗီဂိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေပေမယ့် ဒုတိယပိုင်း မိနစ် ၆၀ မှာ ရီးရဲလ်က မိုရက်တာက အဖွင့်ဂိုး စတင်သွင်းယူပါတယ်။
ဒါပေမယ့်လည်း ဆဲလ်တာဗီဂိုက ၆၇ မိနစ်မှာ အော်ရီလန်နာ ဗလန်ဇူနာက ချေပဂိုးပြန်သွင်းလို့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။
ဒီနောက် ပွဲချိန် ၈၁ မိနစ်မှာ ရီးရဲလ်က ခရုစ်က အနိုင်ဂိုးကို သွင်းယူသွားလို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ရီးရဲလ်အသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒို၊ ဘန်ဇီးမားတို့ကတော့ ဒီပွဲမှာ ပါဝင် ကစားခဲ့ခြင်း မရှိပါဘူး။
ဒီပွဲအနိုင်ကြောင့် ရီးရလ်က ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၁ နေရာမှာ ရပ်တည်နေသလို ဆဲလ်တာဗီဂိုကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ အမှတ်ပေးဇယားမှာ နံပါတ် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago