ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိန္ဒိယ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ ငွေရောင်ပိတ်ကား အိပ်မက်တွေလည်း ပျက်စီးခဲ့ရပါတယ်။
ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်း ပြန်နာလန်ထဖို့ဆိုရင် အနည်းဆုံး နှစ်နှစ်ကြာမယ်လို့လည်း ရုပ်ရှင်ထုတ်လုပ်သူတွေက ပြောဆိုနေပါတယ်။
ရုပ်ရှင်ရိုက်ကူးသူတဦးဖြစ်တဲ့ ဗစ်ကရမ်း-မဟော်ထရာကလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကအတွက် ကြိုတင်ခန့်မှန်းမရတဲ့ဖြစ်ရပ်တခုလို့ ပြောပါတယ်။
ဒီလိုခန့်မှန်းမရတဲ့ ဖြစ်ရပ်တွေ ကြုံဖူးပေမယ့် ဒီလောက်အတိုင်းအတာ ကြီးကြီးမားမား သက်ရောက်တာမျိုးတော့ အရင်က မကြုံဖူးဘူးလို့ ဗစ်ကရမ်းက ဆိုပါတယ်။
ကိုရိုနာဂယက်ကြောင့် အိန္ဒိယရဲ့ အကြီးဆုံး ရုပ်ရှင်လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ PVR နဲ့ INOX Leisure တို့ရဲ့ ရှယ်ယာတန်ဖိုးတွေဟာ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
ကိုရိုနာကြောင့် ရုပ်ရှင် ၁၂ ကား ကြန့်ကြာနေတဲ့ T-Series ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဈေးကွက်ဖြန့်ချိရေး အကြီးအကဲက မရေရာတဲ့အခြေအနေမှာ ရုပ်ရှင်ရိုက်ကူးသူတွေအနေနဲ့ ပိုမိုသတိထားဖွယ်ရှိတယ်လို့ ပြောပြပါတယ်။
ပရိသတ်ဟာ သမားရိုးကျ ရုပ်ရှင်ရုံတွေကနေ ဒစ်ဂျစ်တယ် ပလက်ဖောင်းဘက်ကို အရေအတွက် တိုးပြောင်းလာနိုင်တယ်လို့လည်း ရုပ်ရှင်ရိုက်ကူးသူ မဟော်ထရာက ကြိုတင်မှန်းဆထားပါတယ်။
အိန္ဒိယနိုင်ငံမှာ တနှစ်ကို ရုပ်ရှင်ဇာတ်ကားပေါင်း ၁၂၀၀ ခန့် ထုတ်လုပ်တယ်လို့လည်း ရုပ်ရှင်လုပ်ငန်း ကိန်းဂဏန်းတွေအရ သိရပါတယ်။
10 months Ago