၂ ငါးလုံးအထွေထွေသပိတ်

A d v e r t i s e m e n t With Us

February 23, 2021

ထိုင်းနိုင်ငံရောက် မြန်မာများ ၂ ငါးလုံးအထွေထွေသပိတ်တွင်ပါဝင် (ရုပ်သံ)

ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေး ပြည်လုံးကျွတ်အထွေထွေသပိတ်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လည်း ပါဝင်ခဲ့ကြပါတယ်။

ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြန်မာနိုင်ငံမှာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်း တာတွေကြောင့်သေဆုံးခဲ့ရသူတွေအတွက်လည်း ငြိမ်သက်ဆုတောင်းပေးခဲ့ကြပါတယ်။

ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ဆန္ဒပြသူတွေဟာ “အရေးတော်ပုံ အောင်ရမည်” ၊ “ဒီမို ကရေစီရရှိရေး-တို့အရေး တို့အရေး” ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)လှုံ့ဆော် “ရုံးမတက်နဲ့-ရုန်းထွက် ရုန်းထွက်” ၊ “သပိတ် သပိတ်-မှောက် မှောက်” ၊ “စစ်အာဏာရှင် ကျဆုံးရေး တို့အရေး-တို့အရေး” ၊ “အမေစုနဲ့ ခေါင်းဆောင် များ-ချက်ချင်းလွှတ် ချက်ချင်းလွှတ်”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြ တာ ဖြစ်ပါတယ်။

2 weeks Ago

February 22, 2021

၂ ငါးလုံးအထွေထွေသပိတ်တွင် ဆေးတက္ကသိုလ်‌ ကျောင်းသားများ ပါဝင်ဆန္ဒပြ (ဓာတ်ပုံ)

ရန်ကုန်မှာ ဒီကနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံးအထွေထွေသပိတ်မှာ   ဆေးတက္ကသိုလ်အသီးသီးက ဆရာဝန်တွေနဲ့ ဆရာဝန်လောင်း ၅၀၀ ကျော်တို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး ရန်ကင်းကလေးဆေးရုံကနေစတင်ကာ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo - Lin Thurin Kyaw / MPA

2 weeks Ago

၂ ငါးလုံးအထွေထွေသပိတ် ရန်ကုန် ဆူးလေတွင် ပြည်သူသိန်းချီ ချီတက်ဆန္ဒပြ

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေသပိတ်မှာ  ရန်ကုန်မြို့က ပြည်သူတွေ ဌာနပေါင်းစုံက ဝန်ထမ်းတွေ၊ ကျောင်းသားလူငယ်တွေအပါအဝင် လူမျိုးဘာသာမျိုးစုံ ပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေဟာ အင်အားသိန်းချီ ပူးပေါင်းပြီး ရန်ကုန်မြို့လယ်ဆူးလေဘုရားကို   ချီတက်ဆန္ဒပြခဲ့ပါတယ်။

2 weeks Ago
Up